<ပထမနေ့>ခဏခဏမြင်ဖူးပေမဲ့ စကားမပြောဖူးကြဘူး။
မြင်ဖူးတယ်ဆိုတာလဲ ခဏတာဘဲ။
တစ်နေ့မှာ နှစ်ခါလောက်ရယ်။
အသွားတစ်ခါ အပြန် တစ်ခါ။တစ်ချို့လူတွေရဲ့ တွေ့ဆုံမှုရေစက်က ထူးတော့ဆန်းသား။
မျက်မှန်းတန်းဖူးရုံ လူကို အချိန်အတိုင်းအတာ တစ်ခုလောက်ကြာမှ စကားပြောဖူးကြတာမျိုး။
မြင်သာမြင် မကြင်ရ ဆိုတဲ့ စကားကို ဆိုလိုခြင်းလဲ မဟုတ်ဘူး။ တကယ်တော့ သူတို့ဟာ မြင်ဖူးနေကျသူစိမ်းတွေ။
ဇာတ်လိုက်တွေကမွေးဖွားလာတာကြာနေပြီ။ တွေ့ဆုံတာလဲ ကြာနေပြီ။ ဇာတ်ကောင်ဖန်တီးရှင်က ဇာတ်လိုက်နှစ်ယောက်ကို အခုမှစကားပြောခွင့်ပေးလိုက်တာလို့ဘဲသတ်မှတ်လိုက်လို့ရတယ်။
အဲ့နောက်ပိုင်းမှာတော့ သူတို့က သူစိမ်းတွေ မဟုတ်ကြတော့ဘူး။
အီဆန်မြို့ရဲ့ နာမည်ကြီးအထက်တန်းကျောင်းတွေများထဲမှ တစ်ကျောင်းကို တက်ခွင့်ရတဲ့ ဆောင်းဟန်ဘင်းက သိပ်ကို ကံကောင်းလွန်းတယ်။ ဒီနာမည်ကြီးကျောင်းမှာ ကောင်းတဲ့အမှတ်နဲ့အောင်ရင် ဆိုလ်းတက္ကသိုလ်ကို တက်ခွင့်ရမယ် ဆိုတာကြောင့် စာမေးပွဲဖြေဖို့၃လ အလိုမှ စာလုပ်မယ်လို့တွေးထားသူလဲဖြစ်တယ်။ ကျောင်းသွား၊ ကျောင်းပြန်၊ အချိန်ပိုင်း အလုပ်လဲ လုပ်နေရတာမို့ အပြင်လောကကြီးနဲ့ အဆက်သွယ်ပြတ်နေတယ်ဆိုလဲ မမှားဘူး။
သဘာဝအလှရှုခင်းတွေကို ကျောင်းသွားဖို့ စက်ဘီးစီးရင်းမှသာ ခံစားတတ်တာ။ ဟန်ဘင်းဟာ သဘာဝရှူခင်း အပြင် တွေ့နေကျ ဘတ်စ်ဂိတ်က ထိုကောင်လေးကိုလဲ
သဘာဝအလှ လို့ သတ်မှတ်တယ်။ဒါပေါ့..ကျောင်းသွား ကျောင်းပြန် တွေ့နေကျ ထိုကောင်လေးနဲ့ အကြိမ်ပေါင်းများစွာ အကြည့်ချင်းဆုံဖူးတယ်။
မုသားနဲ့ဖန်တီးခြင်း မဟုတ်ဘဲ အမှတ်တမဲ့ ဖန်တီးခြင်း။
မျက်လုံးချင်း ထပ်တူကျသွားတဲ့ အခါမှာတော့ ထိုအူကြောင်ကြောင်ကောင်လေးက ဟန်ဘင်းကိုမျက်လုံး အပြူးသားနဲ့ကြောင်ပြီး ကြည့်ကာ ကျန်နေခဲ့တတ်တယ်။
![](https://img.wattpad.com/cover/251165843-288-k309854.jpg)