"ငါတို့လမ်းခွဲရအောင် ""ဟ! ဘာလို့လဲ ငါတို့ တွဲတာ တစ်ပတ်တောင် မဟုတ်ဘူး၊ နှစ်ရက်တောင် မပြည့်သေးတာကို! ဘာလို့လဲ..ဘာလို့လဲ"
ထယ်ရယ် မှာတော့ သူ့လက်ရှိကောင်မလေးရဲ့ စကားကြောင့် မကြာသေးခင်ကလာချထားတဲ့ ကော်ဖီ အပူတစ်ခွက်ကိုတောင် မသောက်နိုင်တော့။
ဖလူးကနဲ ကော်ဖီတောင် ပါးစပ်ကနေ ထွက်ပြီး ရည်းစားကို စင်တော့မလို့။
"ဒီတိုင်း မကြိုက်တော့လို့"
"မတွဲခင်ကတော့ ကြိုက်တယ်ဆို"
"အခု မကြိုက်တော့ဘူး..ကျွန်မ တောင်းပန်ပါတယ်နော်..ထပ်လဲ မဆက်သွယ်ပါနဲ့၊တောင်းဆိုပါတယ်"
"ဟေ့..ဟေ့ ခဏနေဦးလေ"
ထယ်ရယ်မှာ တကယ်သနားဖို့ကောင်းနေပြီ။ မေဂျာတူတဲ့ မိန်းကလေးကို သဘောကျလ်ို့ဆိုပြီး ဖွင့်ပြောကာမှ ကောင်မလေးကလဲ သူ့က်ို ကြိုက်တယ်ဆိုပြီး တွဲဖြစ်ကြရော။ ဟော! အခုလဲကျ မကြိုက်တော့ဘူးတဲ့။ဒါဖြစ်သင့်လားပြော..သူများအိမ်ကသားကို အဲ့လို လွယ်လွယ် အသဲခွဲရက်တယ်ပေါ့။ အမေရေ...ကင်မ်ထယ်ရယ် တို့က
ဘယ်တော့မှ ရည်းစား အတိအကျရမှာလဲလို့!!သူများတွေလို ရည်းစားလိုချင်တယ်လို့! ရည်း!စား!
နှစ်လုံးတည်းကို..ဘာလို့ အဲ့လောက်ခက်ခဲနေရတာလဲ။
သူငယ်ချင်းတွေကြား ရည်းစားမရှိတာ ဘယ်လောက် နှိမ်ခံရလဲ ။ မင်းပါမှ ပျော်ဖို့ကောင်းမှာ ဆိုပြီး ခေါ်တုန်းကကျ သေမလိုတွေ ဇွတ်ခေါ်၊ ဟော လိုက်သွားရော..သူတို့ သဲကဲသမျှ၊ ဂရုစိုက်သမျှ ကို အလယ်မှာ ထိုင်ပြီး ထိုင်ကြည့်ရတဲ့ အဖြစ်။ရည်းစားလေးနဲ့ ဒိတ်မယ်ကြံပြီး အိမ်ကနေ မထွက်ခင် အမေ့ဆီက ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအော်သံနဲ့ ဆူတာခံပြီးမှ ထွက်လာရသေးတယ်။
"ကင်မ်ထယ်ရယ် နင်အိမ်ပြန်လာရဲ ပြန်လာကြည့်!!"
အကြောင်းကတော့ အမေ့ရေမွှေးကို ခိုးဆွတ်တာ မိလို့။
အပြန်ခြေလှမ်းတွေက အသွားလို မတက်ကြွ။ အိမ်ကိုလဲ မပြန်ချင်..ပြန်တာနဲ့ ကျောပေါ်ဗျောတင်ခံရဦးမယ်။ ရည်းစားထားလို့လဲ အဆူခံရဦးမယ်၊ နှစ်ရက်မပြည့်ခင် ရည်းစားထားသွားတာခံရလို့လဲ အနှိမ်က ခံရဦးမယ်။