+Extra (Lowkey love)
ထယ်ရယ် တစ်ယောက် ရစ်ခီကိုရှောင်နေတာ တစ်ပတ်ရှိပြီ ဖြစ်တယ်။ ကျောင်းကိုလဲ တူတူမသွားတော့ဘဲ ရစ်ခီ ထက်နောက်ကျပြီးမှ သွားသလို ကန်တင်းကိုတောင် တွေ့မှ စိုးလို့ ခြေဦးတောင် မလှည့်။ ဒါပေမဲ့ သူရစ်ခီကို မနိုင်..သူက ရှောင်လဲ ရစ်ခီက မရှောင်။ အခန်းရှေ့ဝ ကိုရောက်လာပြီး ထယ်ရယ်ကို အပြင်ခဏထွက်ခဲ့ဖို့ လက်ယက်ခေါ်သေးတာ။ ထယ်ရယ်က မမြင်ချင်ယောင်ဆောင်လိုက်ရင်လဲ အခန်းထဲကို ဝင်ချလာတတ်ရော။
ရစ်ခီတို့အိမ်ကိုလဲ ယောင်လို့တောင် မသွားချင်တာမို့လို့ အိမ်က မာတာမိခင်နဲ့ တည့်အောင်နေ နေရတဲ့ ထယ်ရယ်ကို အမေက ထူးဆန်းသလို ကြည့်နေသေးတယ်။
ညဘက် စာလုပ်ချင်စိတ်ဖြစ်လို့ စာကြည့်စားပွဲမှာ ထိုင်ရင်လဲ ရစ်ခီ့ အခန်းနဲ့ ထယ်ရယ့် အခန်းက တစ်ခန်းတည်းဘဲဆိုတော့ မမြင်ချင်မှာအဆုံးဘဲ။
ပိုဆိုးတာက သူ့အခန်းကနေလှမ်းပြီး ထယ်ရယ့်ကို မျက်စိတစ်ဖက်မှိတ်ပြနေလို့ ပြတင်းပေါက်လှမ်းပိတ်လိုက်ရတဲ့ အဖြစ်။
အဲ့ဒါက အသာထား သူတို့ကိစ္စကို အမေရော၊မားမားရော သိသွားပြီ။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။ မားမားကလဲ သူ့အိမ်ကို ထယ်ရယ်လေး မလာတော့ ပျင်းဖို့ကောင်းနေပြီ ၊ရစ်ခီကလဲ ထယ်ရယ်လေးကို အရမ်း သတိရနေတာ စသဖြင့် အိမ်တိုင်ရာရောက် လာပြောတော့တာ။
ဖွင့်ပြောခံရတဲ့နေ့က ရစ်ခီ့ဆီက သူထွက်ပြေးလာတာ ၊ လိုက်ဝင်လာမှာစိုးလို့ အခန်းတံခါးကို သော့ပိတ်လိုက်တဲ့ ထယ်ရယ်က အပြင်မှာ သူ့အမေကို ရစ်ခီတစ်ယောက် ဘာတွေများပြောနေလဲလို့ တံခါးကပ်နားထောင်လိုက်သေးတယ်။
ကြားရသလောက်တော့
ရစ်ခီက အမေ့ကို ' အန်တီ့သားက ကျွန်တော့် အနာဂတ်ကောင်လေးဖြစ်တော့မှာ မလို့ အခုတည်းက အန်တီ့ကို အမေလို့ ခေါ်မယ်နော်' တဲ့။အမေ့ ဆီက 'ဟေ' ဆိုတဲ့ အသံဘဲကြားလိုက်ရတယ်။
နောက်ဆုံး သူ ရစ်ခီကို ဘယ်လိုမှ ရှောင်မရဘူးဆိုတာ သဘောပေါက်သွားပြီ။ ကင်မ်ထယ်ရယ်ကို ရစ်ခီရှန်က ဘယ်ကတည်းက ကြံနေလဲ မသိ..ထယ်ရယ့်ကို ကြိုက်နေကြောင်း ထယ်ရယ့်က လွဲ အကုန်သိတယ်။ အမေက တောင် ရိပ်မိတယ်ဆိုဘဲ။