📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
"အဲ့တော့..ရစ်ခီက အောက်ပိုင်းသေသွားတယ်ပေါ့!!"
"တိုးတိုးပြောစမ်းပါ မက်သရူးရ၊မင်းပြောတာနဲ့ ငါစာရေးတာ တစ်လောကလုံးသိကုန်တော့မှာဘဲ"
ထမင်းသွားစားပြီး ပြန်လာတဲ့ ထယ်ရယ်က ဘေးဘီတွေမှာ လူရှိမလားဆိုတဲ့ ကြောက်စိတ်နဲ့ မက်သရူး ပါးစပ်ကိုလှမ်း ပြေးအုပ်တော့တယ်။
"အဲ့တော့ အစ်ကိုဂျီဝုင်းက ရစ်ခီတက်တဲ့ ဆေးရုံကို ရောက်တော့ရောက်ခဲ့တယ်မလား.."
"အေး..အသက်မသေဘူးလေကွာ၊အဲ့လောက် စိတ််မကောင်းမဖြစ်ပါနဲ့"
"ပြန်တော့ ကောင်းလာတယ်မလား"
"သေချာပေါက်ပေါ့၊ အစ်ကိုဂျီဝုင်းရဲ့ဇာတ်ကောင်က အချစ်ရဲ့ အဓိပ္ပာယ်ကိုသေချာနားလည်သွားလို့ အချစ်ခံဖို့ ဆုံးဖြတ်လိုက်တာပေါ့"
"ဒါပေမဲ့ ငါမကျေနပ်နိုင်ဘူး! အနည်းဆုံးတော့ ပါးကို အမြတ်တစ်နိုးနမ်းလိုက်တဲ့ အခန်းတော့ ထည့်ရေးသင့်တာပေါ့"
"မင်းကို အဓိက ဇာတ်ဆောင်နေရာထားပြီး ရေးဖြစ်ခဲ့ရင် ပေးနမ်းမှာပါ စိတ်ချ"
အခုထိ ဇာတ်သိမ်းကို အလိုမကျဖြစ်နေတဲ့ မက်သရူးကို ထယ်ရယ်က နှစ်သိမ့်ပေးလိုက်ပေမဲ့ မက်သရူးက နောက်ထပ် တင်မယ့် အပိုင်းတွေကို အချို တကာ့ အချိုတွေ ရေးပေးဖို့ ထပ်ပြီး ပူဆာနေသေးတာ။
အဲ့လိုမရဘူးလေ! အချိုတွေရေးတာလွန်သွားရင် အီသွားမှာပေါ့။ အချိုတွေစားရင် သွားပိုးစားတတ်တယ်။ အဲ့တော့ လုံး!ဝ ! မ! ရေး! ဘူး!
ပြီးတော့ အဲ့လောက်အချိုဓာတ်တွေပြည့်ဝပြီး ရေးရအောင် ကင်မ်ထယ်ရယ်တို့မှာ ရည်းစားရှိတာမဟုတ်ဘူး။
ထယ်ရယ့်ကို ကြိုက်တဲ့သူ တစ်ယောက် တစ်လေ တောင်မရှိဘူးလားနော်။
ဒါပေမဲ့ ထယ်ရယ်က ချစ်ပေးဖို့တော့ ပျင်းတယ်။
အချစ်ဘဲခံချင်တာပါနော်။