"မက်သရူး..မက်သရူး..ငါ့နားမှာ လာထိုင်ပါလား""ဘာလို့လဲ.."
မေးခွန်းပြန်ထုတ်နေတဲ့ မက်သရူးကို ထယ်ရယ် စိတ်မရှည်ချင်တော့ဘူး။
ထယ်ရယ့်ရဲ့ အဝတ်ထုတ်တွေကိုရော သူ့အဝတ်ထုတ်တွေကို ပါ သယ်ပြီးလာနေတဲ့ ရစ်ခီကို ကားမှန်က တစ်ဆင့်တွေ့ရတော့
"မင်းကလဲ .. လာထိုင်ဆို လာထိုင်..မြန်မြန်"
လောနေတဲ့ ထယ်ရယ့်ကို မက်သရူး မျက်မှောင်ကြုတ်ကာ ကြည့်ပြီး နောက်ခုံကနေ ထယ်ရယ်ရှိတဲ့ ရှေ့ခုံကို ပြောင်းထိုင်လိုက်ရတယ်။
"မင်း ဒီနေ့ တစ်အား ထူးဆန်းနေတယ် ၊ဘာဖြစ်နေတာလဲ"
ဂဏာမငြိမ်ဖြစ်နေတာ ကိုယ့်ကိုယ်ကိုယ်သိတာကြောင့် ငြိမ်လိုက်ရတယ်။
တော်သေးတာပေါ့!ဘာလို့ဒီနေ့မှ လက်ရှည် လည်ပင်းအပိတ်ကို ဝတ်ထားတာလဲလို့ မက်သရူးက ထယ်ရယ့်ကို မမေးလို့။
မေးများမေးခဲ့ရင် အေးလို့ ဝတ်တာလို့ ပြန်ဖြေလိုက်ရင် သူ့ကို အရူးလို့ထင်သွားမှာ။
ကားပေါ်တက်လာတဲ့ ရစ်ခီက ထယ်ရယ့်ခုံ ဘေးမှာ လူရှိနေတာကြောင့် အလိုမကျဖြစ်သွားဟန် ထယ်ရယ့်ကို ဆူပုတ်ပုတ်ကြည့်လိုက်တာကို ထယ်ရယ်က မမြင်ချင်ယောင်ဆောင်လိုက်တယ်။
ကဲ..ဘာတတ်နိုင်သေးလဲ..မင်း ကင်မ်ထယ်ရယ်ကို လာမကြောနဲ့၊ မင်းက မက်သရူးကို နေရာဖယ်ခိုင်းရင်တောင် ငါ့အကောင်းစား သူငယ်ချင်းက ငါ့ကို သစ္စာမဖောက်ဘူးကွ။
"ကျွန်တော် ဒီမှာ ထိုင်ချင်လို့၊အစ်ကို မက်သရူးက အစ်ကိုဂျီဝုင်းနားသွားထိုင်ပေးလို့ရလား"
"ရတယ်လေ"
မက်သရူးက ထယ်ရယ်ကို တစ်ချက်လေးမှတောင် ငဲ့မကြည့်ပဲ ဂျီဝုင်းနားမှာ သွားထိုင်တာကို ထယ်ရယ်မှာ ပါးစပ်အဟောင်းသား။
ဒီကနေဒါသားကတော့..
နောက် ငါ့ ဝတ္တုတိုထဲ မင်းနာမည်ထည့်ပြီး ခံစားရအောင် လုပ်ချင်လာပြီနော်..!!
မက်သရူး ထသွားတော့ ရစ်ခီက ကျေနပ်နေတဲ့အပြုံးတွေနဲ့ အတူ ထယ်ရယ် ဘေးမှာ ဝင်ထိုင်လိုက်တယ်။