𝖥𝗂𝗋𝖾𝖿𝗅𝗒 (𝖡𝗂𝗇𝗇𝖳𝗁𝖾𝗐)

2.3K 202 36
                                    



လက်ညှိုးနဲ့ လက်ခလယ်ကြားက ညှပ်ထားတဲ့ဆေးလိပ်ကို ရှိုက်ကာ သောက်လိုက်တယ်။ ဆေးလိပ်ကို သူနဲ့ပြတ်မှ သောက်တတ်သွားသလို လပ်ိုင်းလောက် ဆေးလိပ်စွဲခဲ့တာက သူ့အပေါ်ထားတဲ့ချစ်ခြင်းတွေလိုဘဲ ဖြတ်ရခက်တယ်။
အချ်ိန်က ကုစားသွားသလို ဆေးလိပ်ကို ဖြတ်ဖို့ သကြားလုံးတွေစားခဲ့ရလို့ ချိုမြိန်တာတွေဘဲ အဖက်တင်ခဲ့တယ်။ဒါပေမဲ့ သူနဲ့တဖက်သတ်ချစ်ခဲ့တာတွေလောက် မချိုမြိန်။

ဒီဆေးလိပ်တစ်လိပ်ကိုလဲ အချိန်အကြာကြီးနေမှ ထုတ်သောက် တာလဲ သူ့ကြောင့်ဘဲ။ ကျောင်းသားတွေ့ဆုံပွဲမှာ ပြန်တွေ့ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ကြောင့် အခြားသူငယ်ချင်းတွေပါ နေရခက်သွားစေတယ်။

တက္ကသိုလ်တက်ခဲ့တဲ့ တစ်လျှောက်လုံး ဆောမက်သရူးက
စီနီယာဆောင်းဟန်ဘင်းကို လိုက်ကပ်ခဲ့တာ တစ်ဌာနလုံးသိတယ်။ ဆောင်းဟန်ဘင်းက်ို ချစ်လွန်းလို့၊မြတ်နိုးလွန်းလို့၊ယုယချင်လွန်းလို့ စကြိုက်မိခဲ့သည့်နေ့ကစ၍ မက်သရူးဘက်ကဘဲ အနစ်နာခံကာ ချစ်ပေးခဲ့တယ်။ ဇွဲကောင်းလွန်းတဲ့ မက်သရူးကြောင့် ဟန်ဘင်းကဘဲ အရှုံးပေးခဲ့ရပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ်။

အဲ့နေ့က မက်သရူးဘဝမှာ အပျော်ဆုံးနေ့။

ဆောင်းဟန်ဘင်းက မက်သရူးကိုလှည့်စားခဲ့တယ်။ လှည့်စားခဲ့တာတောင် မဟုတ်ဘူးထင်ပါရဲ့၊ စိတ်ဒဏ်ရာတွေ ပေးခဲ့တဲ့ ဆောင်းဟန်ဘင်းဆိုတဲ့လူကို မုန်းချင်တယ်။ ထာဝရ မုန်းသွားအောင် ဘယ်လိုနည်းလမ်းသုံးရမလဲ။

"မက်သရူး..ကိုယ်မင်းကိုရှာနေတာ"

မက်သရူး ရွဲ့ပြုံးပြုံးလိုက်ပြီး အသံလာရာကို လှည့်ကြည့်လိုက်တော့ သူစောင့်နေခဲ့ရသူ ဆောင်းဟန်ဘင်း။

"မင်း ဆေးလိပ်တွေ သောက်နေတာလား"

ဟန်ဘင်းက မက်သရူးရဲ့လက်ထဲက ဆေးလိပ်ကို ကြည့်ပြီး အံ့ဩသွားရတယ်။

မက်သရူးက တစ်ဖြေးဖြေး ဟန်ဘင်းနားကို လျှောက်လာပြီး မျက်နှာတည့်တည့် ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုင်တယ်။

ရှုံ့မဲ့သွားတဲ့ ဟန်ဘင်းရဲ့ မျက်နှာကိုကြည့်ပြီး မက်သရူးလှောင်ရယ်လိုက်တယ်။

𝖡𝗈𝗒 𝖯𝗅𝖺𝗇𝖾𝗍 (𝖮𝗇𝖾 𝖲𝗁𝗈t)Where stories live. Discover now