📌Don't be serious.It's just a fan fiction.

ဟွဲထက် ခရီးပန်းလာလို့ အိပ်လိုက်တာ ညနေစောင်းမှ နိုးလာလို့ ခန္တာကိုယ်တစ်ခုလုံး ဆင်တက်နင်းထားသလို နုံးချည့်နေရောဘဲ။
ညနေ တစ်ရေးတစ်မောအိပ်မိပါတယ် အိမ်မက်တွေကလဲ မကောင်း၊ နိုးလာတော့လဲ မလန်းမဆန်း။
အိမ်မက်ထဲမှာ သူ့ကို ကောင်လေးတစ်ယောက်က လိုက်တာတဲ့။
ဘုရားစူး..အဲ့ကောင်လေးက သူ့ထက် အသက်အများကြီးငယ်နေတာ။
အိမ်မက်ထဲမှာ 'ကိုကိုအီဟွဲထက် ပြန်ချစ်အောင် ထိုင်ကန်တော့ရမလား 'လို့ ပြောတတ်တာက တစ်မျိုး။
'ပြန်မချစ်ရင် ဒီမှာ ထိုင်ငိုမှာနော်' လို့ပြောတာက တစ်မျိုး။ပြီးတော့ အဲ့ကောင်လေးက အခုဘူဆန်ကိုလာတဲ့ အုပ်စုတွေထဲက တဲ့။
အိမ်မက်ဆိုတဲ့အတိုင်း လူတွေက မသဲကွဲတော့ ရုပ်လဲ သဲသဲကွဲကွဲ မမှတ်မိလို့ တော်ပါသေးရဲ့။
မဟုတ်ရင် မျက်နှာပူစရာတွေ ဖြစ်ကုန်ဦးမယ်။
"အပြင်မှာသာ အဲ့လိုဖြစ်ရင် အီဟွဲထက် တို့တော့ သွားပြီဘဲ"
ဟွဲထက်က ခေါင်းတစ်ခါခါနဲ့ လန်းသွားအောင် ကိုလာ ဖောက် သောက်ဖို့ အလုပ် ဟန်ဘင်းနဲ့ ဟောက် ကို သတိရသွားတာကြောင့်
"အော်..နေရာ တစ်ကာ ချစ်သူရည်းစားရှိတဲ့ လူတွေ ကြီးပါဘဲလား"
ကိုလာကို ပြန်ချပြီး M150ကိုသာ မော့သောက်လိုက်တယ်။
အခန်းထဲမှာလဲ မက်သရူးက မရှိတော့တာကြောင့် အပြင်မှာ အကုန်လူစုနေကြပြီထင်တယ်။
"ငါလဲ ရေမြန်မြန် ချိုးမှ"
•Heartbeat Partner •