ဒီနေ့တော့ အိမ်ကို လူလိုသူလိုပြန်ချင်ပါရဲ့။ နေ့တိုင်းနီးပါး အိမ်ကို အနောက်ကနေ ကျားလိုက်သလိုပြေးနေရတဲ့ ကျန်းဟောက်ရဲ့ဘဝက လွယ်ကူမနေပါ။ တရားခံကတော့ ဆောင်းဟန်ဘင်းဆိုတဲ့တစ်ယောက်ပေါ့။ကျန်းဟောက်တောင် ကျောင်းကိုမရောက်ခင် ကျောင်းရှေ့မှာ သူက စောင့်နေတာ၊ ကျောင်းအပြန်ကျတော့လဲ အဲ့လိုဘဲကျောင်းရှေ့မှာ စောင့်နေတတ်တာ။ သူ တက္ကသိုလ် ကျောင်းသားရောဟုတ်ရဲ့လားလို့တောင် ကျန်းဟောက်တွေးနေသေးတယ်။ အရမ်းအားယားနေတာ မဟုတ်ဘူးလား။
ကျန်းဟောက်ကို ဟန်ဘင်းက မိရင် တော်ရုံနဲ့ပြန်မလွတ်ပေး၊ လက်ကို စွဲထားပြီး ချစ်ကြောင်း၊ကြိုက်ကြောင်း၊ အင်တာနက်ပေါ်က တစ်ရာဖိုးသုံးကြောင်း အချစ်စာသားတွေ မတ်တပ်ရပ်ကြီးရွတ်ပြတော့တာဘဲ။
ကျန်းဟောက်မှာတော့ စစချင်း 'ဟ ဒီကောင်လေး လူမှားနေတာလား' လို့ ထင်ခဲ့တာ မှားသွားတာဘဲ။ နောက်နေ့တွေမှာ ဆောင်းဟန်ဘင်းကို မတွေ့ချင်မှ အဆုံး ဖြစ်သွားရတယ်။ တော်သေးတာပေါ့ တက္ကသိုလ်မတူလို့၊ တူများ တူရင် တော့လား..ကျန်းဟောက် အိမ်သာသွားရင် တစ်ကောက်ကောက်လိုက်ပြီး အိမ်သာရှေ့က နေ့ ' ကျန်းကော အိုက်နီနော်' ဆိုပြီး အော်မယ့်သူမျိုး။
ကြာလာတော့ ကျန်းဟောက် လည်လာပြီလေ၊ ကျောင်း နောက်ပေါက်ကနေ ဘဲ ကျော်ခွပြီး ဝင်ထွက်တော့တာ။ ဘာမှတ်! ကျန်းဟောက်တဲ့ တစ်ဟောက်တည်းရှိတယ်။
ဒီနေ့မှာတော့ သူအရင်လိုအလုပ်မများတော့အရမ်းတွေ ပေါ့ပါးနေတယ်။ တွဲစေချင်တဲ့ အတွဲက ရွက်လွှင့်သွားပြီလေ။ အရင်နေ့တွေက တော့ ဂျူနီယာအတန်းက ဟန်ယူဂျင်းက ရစ်ခီဆိုတဲ့တစ်ယောက်ကို ကြိုက်နေလို့ သူ့မှာ ကြားကနေ ဝင်ကူညီပေးရသေး။ ဟိုကလေးကလဲ ဇွတ်မလုပ်တတ်၊ ဟိုကလေးကြီးကလဲ တုတ်တုတ်မှ မလှုပ်၊ ကြားထဲက ကျန်းဟောက်က စိတ်မရှည်တော့ ၊မနက်အစောကြီး ကျောင်းကိုလာ ..ဓာတ်ပုံခိုးရိုက်ပြီး သူ့ပေ့မှာ တင်လိုက်မှဘဲ သူတို့နှစ်ယောက် ညှိသွားတော့တယ်။
ရစ်ခီနဲ့ ယူဂျင်းတို့ကို တင်မဟုတ်ဘူး..အခြားအတွဲတွေကိုလဲ သူအဲ့လိုဘဲ လုပ်ပေးခဲ့ဖူးတာ။