"ကင်မ်ထယ်ရယ်..အခုထွက်လာခဲ့စမ်း"မက်သရူးက တံခါးကို ဆင့်ခေါက်နေတာမို့ အာရုံတက်ခါနီးမှ အိပ်ပျော်သွားတဲ့ ထယ်ရယ်က အိပ်ချင်မူးတူးနဲ့ တံခါးဖွင့်ပေးလိုက်ရတယ်။
"ဘာလဲကွာ! အိပ်နေတာကို"
နောက်ထပ်တစ်ပိုင်း ကို ညတွင်းချင်းအပြီးရေးပြီး တင်လိုက်တဲ့ ထယ်ရယ်က မျက်တွင်းဟောက်ပက်နဲ့။
တင်လိုက်တဲ့ဝတ္တုတိုအသစ်ကိုလဲ မက်သရူးက ဖတ်ပြီးပြီ ထင်ပါ့။ကမ်းခြေကိုလာပြီး ဝတ္တုရေးတဲ့သူနဲ့ ဖတ်တဲ့သူနဲ့ ဟုတ်တော့ ဟုတ်နေပြီ။
ကမ်းခြေကို ရောက်နေတာ နှစ်ရက်ရှိပြီ ဖြစ်သော်လဲ ဟိုတယ် အခန်းမှာ သောင်တင်နေသော ထယ်ရယ်နဲ့ မက်သရူး။
မက်သရူးနဲ့ ထယ်ရယ်က အုပ်စု အေ မှာ ပါနေတာကြောင့် ကမ်းခြေကို စောရောက်နေတာ ဖြစ်တယ်။
ပြီးတော့ အုပ်စုအေနဲ့ အုပ်စု ဘီက လူတွေက ပေါင်းနေရမှာဆိုတော့ အုပ်စုဘီက အခန်းဖော် မလာခင်အထိ စိတ်ကြိုက် စာတွေရေးနေတဲ့ ထယ်ရယ်က လုပ်စရာဆိုလို့ ဒါဘဲရှိတာ။
နောက်နေ့မှ အုပ်စု ဘီက လူတွေ ရောက်လာမှာဆိုတော့ နောက်နေ့မှ အပြီကဲမယ်လို့ တွေးထားပြီးသား။
လူနည်းစုနဲ့ ကစားရတာ ပျင်းဖို့ကောင်းတယ်လေ။
မနက်ဖြန်မှ..ပင်လယ်ရေနဲ့ ထိတွေကြတာပေါ့။
"ဘာလို့ အပိုင်းသစ်မှာ မက်သရူးဆိုတဲ့ ငါ့နာမည် ထည့်သုံးရတာလဲ..၊ပြီးတော့ ဇာတ်လမ်းက သောက်ကျိုးနဲ..မရဘူး ပြန်ရေးပေး..ပြန်ရေးပေးလို့..ပြန်ရေးပေး..ပြန်ရေးပေး"
"ရေးပြီးသားကို ဘယ်လိုပြန်ပြင်ရေးပေးရမှာလဲ မက်သရူးရာ"
မျက်လုံးပွတ်ကာ မျက်လုံးမပွင့်တစ်ပွင့်နဲ့ ပြောလိုက်သော ထယ်ရယ့် လက်ကို မက်သရူးက ဆွဲပြီး ပူဆာသလို လှုပ်ယမ်းပြောတော့တယ်။
"မရဘူး..ဒီဇာတ်လမ်းကို ငါမကျေနပ်ဘူး.."
"မကျေနပ်လဲ မတတ်နိုင်ဘူး.."
"ဟာ.ကင်မ်ထယ်ရယ်! မင်းယုတ်မာတာ ဘဲ..ဇာတ်လမ်းက အစုတ်ပလုတ်"
"ဟ! ငါ့ဇာတ်လမ်းကို မဝေဖန်နဲ့"