📌Park HanBin ♥︎ Ollie"ဒီနေ့ ရာသီဥတုအရမ်းသာယာတာဘဲ"
ယူဂျင်းရဲ့ စကားကို အိုလီက လက်ခံတဲ့သဘောအနေနဲ့ ကောင်းကင် တစ်ခွင်ကို ငေးမောကြည့်လိုက်တယ်။ ကိုးရီးယားန်ိုင်ငံရဲ့နေက တာဝန်အရကောင်းကင်အလယ်မှာရှိနေပေမဲ့ ရာသီဥတုက ဘယ်ကနေဘယ်လိုအေးနေမှန်းမသိ။
"ငါတို့ ဒီနေ့ တစ်နေကုန်လုပ်ချင်တာ လုပ်ကြမလား"
အိုလီက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တာနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေတဲ့ ယူဂျင်းက တစ်ခါတည်း အိုလီကို လက်တွဲခေါ်သွားတော့တယ်။
အမှန်က သူတို့နှစ်ယောက်လုံး တစ်ယောက်တစ်မျိုးအပူကပ်နေကြတာလေ။
ယူဂျင်းက ကိုကို့ ကိုချစ်မိတဲ့ အပူ။
အိုလီက တော့ စာမေးပွဲ မဖြေနိုင်ခဲ့တဲ့အပူ။ဒါကြောင့်သူတ်ို့နှစ်ယောက် ကျောင်းလစ်ကာ နာမည်ကြီးဗေဒင်ဆရာမဆီသွားပြီး ဗေဒင်သွားတွက်ခဲ့တာ။ ဉာဏ်ပူဇခကိုလဲ မုန့်ဖိုးထဲကရှင်းလိုက်ရတယ်။
လွန်ခဲ့တဲ့နာရီဝက်ခန့်က အကြောင်းကို ပြန်ပြောရမည် ဆိုပါက~
ယူဂျင်းရဲ့ကံဇာတာကို အရင်စစ်ဆေးပြီး အိုလီအလှည့်ရောက်လာတော့ အိုလီလဲ အချစ်ရေးကံဇာတာစစ်ကြည့်ရင် ကောင်းမလားဆိုတဲ့ အတွေးဝင်လာရတယ်။
ဒီဗေဒင်ဆရာမကြီး ဟောရင် အရမ်းမှန်တာမို့လို့ 'စာမေးပွဲက ကျိန်းသေပေါက်အောင်မှာ'ဆိုတာကြောင့် ရင်ထဲ က အလုံးကျသွားတယ်။
အချစ်ရေးအတွက် အိုလီကတော့ ဗေဒင်ဆရာမကို အားကိုးတစ်ကြီး မေးတော့
ဆရာမကြီးက သူမရဲ့ မျက်မှန်ကနေတစ်ဆင့် အိုလီကို သေချာ စိုက်ကြည့်တော့တယ်။ ပြီးတော့ အိုလီရဲ့ လက်နှစ်ဖက်ကို ဖြန့်ခိုင်းပြီးဘောင်ပင်တွေနဲ့ လျှောက်ခြစ်တော့တယ်။ လက်ကို ကြည့်လိုက် အိုလီကို ကြည့်လိုက်နဲ့ ဆရာမက အကြာကြီး စဉ်းစားနေဟန်။
နဂိုတည်းက ဗေဒင်ဆရာမတိုင်းက အဲ့လိုအကြည့်နဲ့ ကြည့်တတ်တာလား။