📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
📌Don't be serious.It's just a fan fiction.
အခုမှ နိုးလာတဲ့ပုံရတဲ့ ဟောက်ကောနဲ့ ဟန်ဘင်းက မနက်စာ စားပြီးလို့ ကမ်းခြေဘက်ကို လျှောက်လာနေတယ်။
ထယ်ရယ်ကတော့ အစောကြီး နိုးနေတာမို့လို့ ကမ်းစပ်ကို လာ ပြီး လေတဟူးဟူးကိုခံစားရင်း ဓာတ်ပုံရိုက်နေပြီး သူ့ဝတ္တုအတွက် ဘယ်လိုဇာတ်လမ်းဆက်ရေးရင် ကောင်းမလဲလို့ စဉ်းစားခန်းဖွင့်နေသေးတယ်။
"ငါတို့ ထယ်ရယ်..အစောကြီး န်ိုးနေပါလား.."
ကျန်းဟောက်က သဲပေါ်မှာ ထိုင်ချရင်းပြောတော့ ထယ်ရယ်ကလဲ
"အစောကြီးထရလို့ စိတ်ကြည်မနေဘူး"
"ဟားဟား..အဲ့ဒါကြောင့် ဆူပုတ်ပုတ်ဖြစ်နေတာကိုး..အော် ဒါနဲ့ ညက မင်းကိုမတွေ့မိဘူးနော်"
"ဟုတ်တယ် ဟောက်ကောရ! ကျွန်တော် လုပ်စရာလေးရှိလို့"
ထယ်ရယ်က သူမနေ့ညက အဖွဲ့သားတွေနဲ့ အကင်ပါတီ မကျင်းပနိုင်ကြောင်းကို ရှင်းပြလိုက်တယ်။
တကယ်လဲ သူမနေ့ညက အလုပ်ရှုပ်နေတာဖြစ်တယ်။
နောက်တစ်ပိုင်းအတွက် ဇာတ်ကြောင်းကို စဉ်းစားနေတာနဲ့တင် ဦးနှောက် ခြောက်နေပြီ။"အော! ဟို ကောင်လေးက ဘာလို့ အစ်ကို ဟွဲထက်နောက် တစ်ကောက်ကောက်လိုက်နေရတာလဲ"
ဒါကတော့ ဟောက်ကောကို လက်ချိတ်ပြီး ဘေးမှာထိုင်နေတဲ့ ဟန်ဘင်းက မေးငေါ့ပြလိုက်တယ်။
ထယ်ရယ်လဲ ဟန်ဘင်းမေးငေါ့ပြ လိုက်တဲ့နေရာကို ကြည့်မိတော့
ဟုတ်ပါ့..အစ်ကိုဟွဲထက်ခင်ဗျာ..ခြေလှမ်းကျဲကျဲတွေနဲ့ လမ်းလျှောက်ပြီး ပြေးသလိုဖြစ်နေရတာ။ အစ်ကိုဟွဲထက်နောက်ကိုလိုက်ရင်း နောက်ကနေလဲ မရမက သိုင်းဖက်နေတာကြောင့် အစ်က်ိုဟွဲထက်က သူ့ရင်ခွင်ထဲမြှုပ်လို့။
အစ်ကိုဟွဲထက်ကတော့ ဒီအခြေနေကို ကျင့်သားမရသေးတဲ့ပုံစံကြောင့် ရှိုးတိုးရှန်းတမ်းဖြစ်နေပေမဲ့ အစ်ကိုဟွဲထက် ထက် ထွားတဲ့ ကောင်လေးကတော့ လက်လျော့မယ့်ပုံလဲ မပေါ်။