📌Park HanBin ♡ Kim TaeRae
"ဖေဖေ...မီးမီး ပြုံးရင်လှလားဟင်"
"လှတာပေါ့ ဖေ့ဖေ့ မီးမီးလေးက လောကကြီးမှာ ပြုံးလိုက်ရင် အလှဆုံးဘဲ"
"တကယ်လား..အဲ့ဒါဆို ဖေဖေလဲ အလှဆုံး"
"ဟော..ဖေဖေက ဘာလို့လှရမှာတုန်းဗျ"
"ဖေဖေ့မှာလဲ မီးမီးလို ပါးမှာ အချိုင့်လေးတွေ ရှိတယ်လေ..ဒီမှာ"
ဒီကလေးမလေးက မြင်လဲ မြင်တတ်ပါ့။
သိပ်မသိသာတဲ့ ဟန်ဘင်းပါးပေါ်က ပါးချိုင့်ကို ကလေးမလေးက လက်ညိုးလေးနဲ့ထိ ကာ ပြောတော့ ဟန်ဘင်း က ပြုံးတယ်။
အဖေနဲ့ သမီးဖြစ်သူတွေဘဲဟာ! ပါးချိုင့်လှလှလေးတွေရှိတာ မထူးဆန်းဘူးမလား။
ဟန်ဘင်း က သမီးဖြစ်သူရဲ့ ဆံပင်ကောက်ကောက်ကွေးကွေးတွေကို သပ်တင်ပေးလိုက်ပြီး နဖူးကို ချစ်စနိုးလေးနဲ့ နမ်းလိုက်တယ်။
"ဖေဖေ နဲနဲလေး နောက်ကျမယ်နော်..ဘယ်သူခေါ်ခေါ် မလိုက်ရဘူးနော်! ကြားလား မီးမီး"
"ဟုတ်ကဲ့ ဖေဖေ"
"ဟုတ်ပါပြီ လိမ္မာလိုက်တာ ဖေ့ဖေ့ကို အနမ်းပေးပါဦး"
*မွ*
ကလေးမလေးက လည်တယ်။ ဖေဖေ ဟန်ဘင်း က ပါးတစ်ဖက်ကိုဘဲ နမ်းဖို့ထိုးပေး လိုက်ပေမဲ့ နှစ်ဖက်လုံးကို အနမ်းပေးလိုက်တယ်လေ။
မီးမီးလေးက ဖေ့ဖေ့ ချစ်သဲလေး။
လူမှန်း စသိကတည်းက ချစ်စရာကောင်းတဲ့ မီးမီးလေးက
အရာရာ အားလုံးကို နားလည်တတ်နေပြီ။ဟန်ဘင်းစိတ်မကောင်းဖြစ်နေတဲ့ အချိန်၊လွမ်းဆွေးနေတဲ့ အချ်ိန်ဆိုရင် မီးမီးက အလိုက်တသိ ငြိမ်နေပြီး..သူ့ဖေဖေ ဟန်ဘင်းကို ရယ်မောအောင် စတတ်ပါသေးတယ်။
ဒီလိုဆိုပြန်တော့လဲ..ဒီဖေဖေနဲ့ ဒီသမီးဟာ ချစ်စရာ အကောင်းဆုံးလူသားတွေဘဲ။
ဟန်ဘင်းရဲ့ဘဝမှာ သမီးလေးကသာ အရေးပါဆုံး ဖြစ်နေပြီဘဲ..တစ်ချိန်တုန်းက သူလဲ ဟန်ဘင်းဘဝမှာ အရေးပါဆုံးဖြစ်ခဲ့ဖူးတာပါဘဲ။