📌Don't be serious.Just Fan fiction ~
<ဒီတစ်ပတ် တစ်သင်းတည်း တူတူကျတဲ့သူတွေက
ဂျီဝုင်း၊ဆောဝန်း၊ဂယူဘင်း၊ မက်ချူး တဲ့။><ဝါး..လုံးဝကို အပြီပွဲသိမ်းပြီး သတ်တော့မယ့် အဖွဲ့ မဟုတ်လား။ သီချင်းကလဲ Monsta X ရဲ့ Love Killaတဲ့။>
<လေးယောက်လုံးက အမိုက်စားတွေ၊ တစ်ယောက်ကလဲ အလှလေး၊ သုံးယောက်ကလဲ 1 to 9>
<အဆင့်၂၊၃၊၆..၁၈ တဲ့ လုံးဝ ရွှေဘဲ မလား>
<တက်သာ နင်သွားလိုက်ပါတော့လား..ကိုကိုတို့ရယ်>
<ပါဖောမန့်နေ့ကိုမစောင့်နိုင်တော့ဘူးဟေး..ရူးသွားနိုင်တယ်>
ကောမန့်တွေရေးထားတဲ့ ပရိတ်သတ်တွေက သူတို့အဖွဲ့ကို အရမ်းမျှော်လင့်ထားကြတာဘဲ။ ဒါကြောင့် ပရိတ်သတ်တွေ စိတ်မပျက်အောင် အကောင်းဆုံးကို ချပြချင်တယ်။ ဒီတော့ love killa အသင်းကို တာဝန်ယူထားရတဲ့ မက်ချူးက ပိုတာဝန်ပိသလိုခံစားရတယ်။
အသင်းတစ်သင်းအတွက် ခေါင်းဆောင်နေရာယူရတာ မလွယ်ကူမှန်းအခုမှ သိလိုက်ရပြီ။ ဦးဆောင် နိုင်စွမ်း ၊စွမ်းရည်ကိုပြနေပေမဲ့ အသင်းသားတွေက မလိုက်နာရင် ပိုစိတ်ညစ်ရတယ်မလား။ အကုန်လုံးက သက်တူရွယ်တူတွေမို့ စည်းကမ်းတင်းကျပ်လိုက်ရင် လဲ ဆရာကြီးလုပ်တာလို့ ထင်မြင်သွားမှာလဲ စိုးတယ်။
သီချင်းရွေးတဲ့နေ့မှာတင် အစ်ကိုဆောဝန်းက အနဲငယ်စိုးရိမ်နေတဲ့ပုံဘဲ။ ဘာလို့လဲဆိုတော့ သူ့ကြောင့် ရှုံးသွားမှာစိုးနေတာကြောင့် မက်ချူးက 'အတူတူနောက် တစ်ဆင့်တက်ကြရအောင် ' ဆိုပြီး အားပေးခဲ့သေးတယ်။
{Flash Back start
မက်ချူးက သူဘာလို့ love killaကိုရွေးလိုက်လဲဆိုတာကို အသင်းသားတွေကို ပြောပြနေတယ်။
"dance breakမှာ boo boo boo ဆိုပြီး ပါတယ်လေ.."
"boo boo boo"
အစ်ကိုဂျီဝုင်းက မက်ချူးရဲ့ စကားကို သံယောင်လိုက်ပြီး စ လိုက်တော့ မက်ချူးဆီက ချစ်စရာကောင်းတဲ့ ရယ်သံထွက်လာတယ်။
အို..အသင်းသားတွေနဲ့ အဆင်ပြေလို့တော်ပါသေးရဲ့။မက်ချူး ကံကောင်းပါတယ်။အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဂျီဝုင်းနဲ့ ဆောဝန်းရယ်၊ သူ့ထက် နှစ်နှစ်ငယ်တဲ့ ဂယူဘင်းတို့က မက်ချူးနဲ့ စကားပြောရတာ အဆင်ပြေပြီး အခက်ခဲတွေကိုလဲ အားပေးရင်း အတူတူရင်ဆိုင် နိုင်မယ်လို့ထင်တယ်။