အပိုင်း -၂၅

2.5K 241 0
                                    


Unicode

အပိုင်း -၂၅  သူက သူမအပေါ် ဆက်ဆံတာ အခြားသူတွေနဲ့ မတူဘူး

မုရှောင်းရှောင် ဆွဲခေါ်ပြီး အမေးခံလိုက်ရတဲ့‌ ကျောင်းသားလေးက မုရှောင်းရှောင်ကို အပေါ်က‌နေအောက် ကြည့်လိုက်ကာ တစ်ခုခုကို နားလည် သဘောပေါက်သွားဟန်ဖြင့်

" အာ မင်းက လုရိချန် ကိုရှာနေတာလား?
ဒါပေမဲ့မင်းနောက်ကျသွားပြီ၊ ကောင်မလေးတစ်‌ယောက်က သူ့ကို  အပြင်သွားဖို့ ချိန်းထားပြီးပြီ အခုလောက်ဆို ထောင့်တစ်‌ထောင့်မှာ ရည်းစားစာ ပေးနေလောက်ပြီ မနက်ဖြန်မှပြန်လာပါလား  စောစောလာဖို့သတိရနော် စောနက ကောင်မလေးဆို အတန်းမပြီးခင်ကတည်းက အပြင်မှာ စောင့်နေတာ စောင့်နေတာ"

ကျောင်းသားလေးက မုရှောင်းရှောင် မေးတဲ့ မေးခွန်းကို ပြန်ဖြေပြီးနောက် သူရဲ့ လက်ကိုဝှေ့ယမ်းလိုက်ပြီး နှုတ်ဆက်လိုက်ကာ ထွက်ခွာသွားတော့သည်

မုရှောင်းရှောင် ကျောင်းသားလေးရဲ့ အကြံပေးချက်ကို ကြားလိုက်ရပြီးနောက် ရယ်မောရမလားငိုရလားမသိပေ
သူမက လုရိချန်ရဲ့ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်းပြောပြချင်တာပင် လုရိချန်ကို အခြားသူတွေလိုမျိုး  ချစ်ကြောင်း ဖွင့်ပြောဖို့
လာခဲ့တာမဟုတ်ပေ သို့သော် ရှင်းပြဖို့အခွင့်အရေးပင် မရှိဘဲ ထိုကျောင်းသားလေးက ထွက်သွားလေသည်

သူမပခုံးတွန့်လိုက်ကာ

" ကဲ ကြည့်ရတာတော့ ငါတို့မှာ အတူစားဖို့ ကံမပါဘူးလို့ထင်တယ်  ဒါဆိုလည်းငါတို့ဘာသာပဲ စားကြစို့! "

ယုကျန်ကတော့ ဒီလို အခြေအနေကို မျှော်လင့်ထားပုံရသည်
အံ့ဩသွားခြင်းမရှိဘဲ သူက

"ငါအစောကြီးထဲက ကြားဖူးတယ်၊ နေ့တိုင်းကောင်မလေးတွေ
သူ့ကိုဝန်ခံဖို့ တန်းစီ‌ ကြတယ်လို့ ငါအခုယုံသွားပြီ "

“ ဒါကပုံမှန်ပါပဲ၊ သူကအရမ်းကို‌ ချောတယ်လေ ပြီးတော့
ထိပ်တန်းကျောင်းသား၊ သူ့ရဲ့ အကျင့်စရိုက်ကလဲ အရမ်းနူးညံ့သိမ်မွေ့တယ် မိန်းကလေးတော်တော်များများ အကြိုက်ပဲကို  "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now