Unicode
အပိုင်း -၅၇ သူမအတွက်အလွန်အရေးကြီးသောပုဂ္ဂိုလ်
ဝူဟောင်နဲ့နောက်မှာရပ်နေသောကျောင်းအုပ်မှာတော့ တုပ်တုပ်မလှုပ်ရဲပဲ လူသတ်တော့မတတ် ဒေါသထွက်နေတဲ့ ယင်းရှောင်ကျဲကို ကြောက်ရွံ့စွာဖြင့်သာ ကြည့်နေခဲ့သည်
အခုအချိန်တွင် ယင်းရှောင်ကျဲရဲ့ မျက်နှာ ချောချောလှလှလေးဟာ ညိုမှောင်နေပြီး အကျည်းတန်နေရုံသာမက အေးစက်ပြီးတော့ တရားလွန် ကြောက်စရာကောင်းနေသည်
သူ့မျက်လုံးများက CCTV မှာပေါ်နေတဲ့ မုရှောင်းရှောင်နဲ့
လုရိချန်တို့ နှစ်ယောက်ရဲ့ ပုံကို သေသေချာချာကို စိုက်ကြည့်နေသည် သူရဲ့အမျက်ဒေါသသည် ပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ မီးတောင်တစ်ခုနှင့်ပင်တူသည်သူကတော့ သူမကိုစိတ်ပူလိုက်ရတာ
တစ်နာရီကျော်လောက် စိတ်မကောင်းတွေဖြစ် ရင်တွေပါတုန်ပြီး သူမ မတော်တဆတစ်ခုခု ဖြစ်သွားမှာကို စိတ်တွေပူပြီး ကြောက်လိုက်ရတာ
သူမကတော့ကောင်းရော တကယ်ကြီး လုရိချန်နဲ့ အတူ ရှိနေသည်
သူနဲ့ မတည့်တာနဲ့ လုရိချန်ကို အပြေးသွားရှာသည်ကိုစဉ်းစားရင်း ယင်းရှောင်ကျဲရဲ့ ခံစားချက်က ပို၍ ပင်ဆိုးဝါးလာတော့သည်
မုရှောင်းရှောင် မင်းစိတ်ထဲမှာ လူသစ်ဖြစ်တဲ့ လုရိချန်က ငယ်စဉ်ကလေးဘဝ ကတည်းက သိလာတဲ့ ငါ ယင်းရှောင်ကျဲထက် ပိုအရေးကြီးသည်ဟုထင်တယ်ပေါ့
ကောင်းတယ် , အရမ်းပဲကောင်းတယ်
မုရှောင်းရှောင် မင်း အရမ်း တော်တယ်!
ယင်းရှောင်ကျဲ အံကြိတ်ကာကွန်ပြူတာ မှာ ပေါ်နေတဲ့ မုရှောင်းရှောင်နဲ့ လုရိချန်တို့စကားပြောနေတာကို စိုက်ကြည့် နေသည် မုရှောင်းရှောင်က လုရိချန်ရှေ့မှာ နူးညံ့သိမ်မွေ့ နေတဲ့အပြင် မျက်နှာပေါ်မှာလဲ ဘာမျက်ရည်မှ ရှိမနေ ပြုံးတောင်ပြုံးနေသေးသည်
ကျောင်းအုပ်ကြီးရုံးခန်းထဲမှာရှိနေတဲ့ လေထုက မြောက်၀င်ရိုးစွန်းရောက်နေသကဲ့သို့ အေးခဲနေပြီး ကြောက်လန့်စရာဖြစ်နေတော့သည်
BẠN ĐANG ĐỌC
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
Lãng mạnThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...