အပိုင်း - ၁၅

2.7K 260 0
                                    

Unicode Version

အပိုင်း - ၁၅ - သူ့မှာ ရည်းစားရှိတယ်

မုရှောင်းရှောင်အသံက ညောင်နာနာအသံမဟုတ်ပေမယ့်
နည်းနည်းတော့ စိတ်လှုပ်ရှား နေသည့် အသံဖြင့် ပြောမိသွားသည်  အထူးသဖြင့် ရုပ်ချောတဲ့‌ ကောင်လေးရဲ့ အရှေ့မှာပေါ့
မိန်းကလေးတိုင်းလဲ သူမလိုပဲ ဖြစ်မှာပင်

"ဟိုလေ ဒီစတော်ဘယ်ရီကိတ်မုန့်ကနောက်ဆုံးကျန်တာလို့‌ ပြောတယ် အရမ်းစားချင်နေတာမို့ ကျေးဇူးပြုပြီး ကျွန်မကိုပေးလို့ရမလား?"

မုရှောင်းရှောင် ချစ်စရာကောင်းအောင်ပြုံးလိုက်ပြီး
သူမရဲ့ တောက်ပတဲ့မျက်လုံးလေးတွေကို မှိတ်တုတ် မှိတ်တုတ်လုပ်ကာ ပြောလိုက်မိသည် 

အကယ်၍ ယင်းရှောင်ကျဲသာ ဒီနေရာတွင်ရပ်ပြီး သူမလုပ်နေတာကိုမြင် ကျိန်းသေ‌ပေါက် သည်းခံနိုင်မည် မဟုတ်ပေ မျက်ဖြူပါ လန်သွားလောက်သည်

လုရိချန်ကတော့ တုပ်တုပ်ပင်မလှုပ် အားနာစွာဖြင့်

"တောင်းပန်ပါတယ်၊ ဒီဟာက တခြားသူအတွက်ပါ၊ ဒါကြောင့်မင်းကို ကို မပေးနိုင်ပါဘူး"

မုရှောင်းရှောင်ရဲ့ မျက်နှာလေးဟာ ရုတ်ချည်းပဲ အုံမှိုင်းသွားပြီး
အင်းပေါ့လေ သူကသူ့ရည်းစားအတွက်ဝယ်ပေးတာပဲ ဖြစ်မှာပေါ့ဟာ တွေးလိုက်မိသည်  ဒီလိုမျိုး ရည်းစားကို မနက်စာ၀ယ်‌ ပေးတဲ့ ကောင်လေးရှားသွားပြီဟုပါတွေးလိုက်သည်

မုရှောင်းရှောင် ငြင်းပယ်ခံခဲ့ရသော်လည်း သူမရဲ့နှလုံးသားထဲမှာ တော့ သူ့ကို နှမြောနေမိကာ

"အိုကေပါ ရပါတယ် ... ရှင့်ကိုအတင်း တောင်းနေ‌တာတော့ မဟုတ်ပါဘူး အခြားတစ်ခုခုပဲ  ဝယ်လိုက်ပါ့မယ်"


အဆိုပါ ကောင်‌ချောလေးမှာ ရည်းစားတစ်ယောက်ရှိတယ်လို့စဉ်းစားမိတာနဲ့  မုရှောင်းရှောင်ရဲ့စိတ်က နည်းနည်းလေးမှေးမှိန်သွားရတယ် ဒီလိုမဲ့ပဲ နောက်တဖန် ဖန်ကောင်တာရှေ့ပြန်သွားလိုက်သည်

လုရိချန်ရဲ့ မျက်လုံးတွေဟာ မုရှောင်းရှောင်ရဲ့ နောက်ကိုပါသွားပြီး သူဘာမှမလုပ်‌ပေးနိုင်ပေမယ့်လဲ  အပြစ်အနည်းငယ်ရှိတယ်လို့ခံစားရ‌တာ‌ကြောင့်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now