အပိုင်း -၂၇

2.5K 233 0
                                    

Unicode

အပိုင်း ၂၇ ဘယ်စကားက မှားပြီး ဘယ်စကားက မှန်တာလဲ

တကယ်တမ်း ယင်းရှောင်ကျဲ ချောမောတာကိုဝန်မခံချင်ပေမယ့်လဲ ယင်းရှောင်ကျဲက တကယ့်ကို ချောမောတဲ့မျက်နှာရှိပေသည်  ဒီလို ယင်းရှောင်ကျဲနဲ့ နှိုင်းယှဉ်နိုင်ဖို့ တစ်ယောက်ယောက်ကိုရှာရတာတကယ်ကိုခက်ခဲ‌လေသည်

ဒါပေမယ့် မုရှောင်းရှောင်ဒီလို ပြောလို့ ယင်းရှောင်ကျဲရဲ့ အထုအထောင်းခံရမယ်လို့တော့ မဆိုလိုပေ

ယင်းရှောင်ကျဲရဲ့ချောမောသောမျက်နှာကိုကြည့်ရင်း မုရှောင်းရှောင်ကြီးပြင်းလာရတာဖြစ်သည် ဒါကြောင့် နေသားကျ‌နေပြီ ဖြစ်သည်

မုရှောင်းရှောင် အရင်ကတော့ ဂရုမစိုက်ခဲ့မိပေ သေချာလေး ဒီနှစ် အတော်အတွင်း ယင်းရှောင်ကျဲကြီးပြင်းလာပုံကို စဉ်းစားကြည့်မိသည် ယင်းရှောင်ကျဲ အရွယ်ရောက်လာတော့ သူရဲ့ မေးရိုးက ချွန်ထက်ပြီး ထက်ရှနေသည် သာမာန်လူတွေနဲ့လဲ မတူဘဲ တမူထူးခြားနေသည်

"ဟွန့် သွားကြစို့  ဒုတိယထပ်သွားကြစို့"

မိန်းကလေးများအားလုံးချက်ချင်းထရပ်လိုက်ပြီး မုရှောင်းရှောင်ကို မျက်စောင်းထိုးလိုက်ကြကာ အပေါ်ထပ်သို့သွားကြလေသည်

ယုကျန်က မုရှောင်းရှောင် ကို မြန်မြန်ကြည့်လိုက်ကာ

"ကြည့်ပါလား ငါပြောသားပဲ တိုတိုးပြောပါလို့  မင်းကတော့လေ ဒီနေ့မှ ကျောင်းစတက်တာကို ရန်သူတွေဖန်တီးနေတယ်
သတိထားတော့ထား  အတန်းထဲကမိန်းကလေးတွေ အခုနင်နဲ့ပေါင်းမှာမဟုတ်တော့ဘူး "

မုရှောင်းရှောင်ကတော့ သဘောမတူ‌ပေ

" ငါကဟန်ဆောင်တာကိုမကြိုက်ဘူး သူတို့နဲ့ ပေါင်းချင်ရင် သူတို့ကြိုက်တာလိုက်ကြိုက်ရမယ်ပေါ့  ဒီလိုသူငယ်ချင်းမျိုး ငါတော့ မလိုချင်ပါဘူး "

ဒါ့အပြင်သူမက လုရိချန်ကဲ့သို့ လူမျိုးနဲ့သာ ခင်မင်ချင်သည်

ဒီမိန်းကလေးတွေလို သူမက ယင်းရှောင်ကျဲကိုမကြိုက်ပေ
သူတို့ကသူမကိုရန်လို‌နေပါက  သူတို့နှင့်မိတ်ဆွေဖွဲ့ဖို့ စိတ်မကူးပေ  သူမက မိန်းကလေးတွေ အချင်းချင်း လိုက်ပြိုင်ပြီးဟန်ဆောင်ခင်မင်နေတာကို မကြိုက်ပေ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now