အပိုင်း - ၆၅

2.5K 267 2
                                    

Unicode

အပိုင်း - ၆၅ မင်းက ငါ့ရဲ့မိန်းမပဲ

မုရှောင်းရှောင် မျက်နှာကို ဆူပုတ် နေကာ လ သူမရဲ့ခွန်အားအားလုံးကိုသုံးပြီး သူမလက်ကို ယင်းရှောင်ကျဲ လက်ထဲက ရုန်းထွက်ခိုင်းလိုက်သည်

  "ငါပြန်မသွားချင်ဘူး!"

ယောက်ျားလေးနဲ့ မိန်းက‌လေးတို့၏ခွန်အားသည်
ကြီးမားစွာကွာခြားမှုရှိခဲ့ပြီးသူမကိုယ်သူမလွတ်မြောက်အောင်မလုပ်နိုင်ခဲ့ပါ ဒီနေ့တစ်နေကုန် ပင်ပန်းသွားတာကြောင့် ကြာကြာရပ်တာနဲ့ နာကျင်လာသည် ဒါကြောင့်စိတ်တိုတိုနဲ့ လူဆိုးကောင်ရဲ့ ခြေထောက်ကို တက်နင်းပြီး ယင်းရှောင်ကျဲ နာကျင်နေချိန်တွင် သူ့ကို တံခါးအပြင် တွန်းထုတ်ခဲ့သည်။

"ဘန်း !"  တံခါးကိုပါ ပိတ်ပစ်လိုက်သည်

Yin Shaojie ကျော်သွားပြီးတံခါးကိုခေါက်လိုက်သည်။  “မုရှောင်းရှောင်  တံခါးကိုဖွင့်လိုက် အချိန်နောက်ကျနေပြီ ငါနဲ့တူတူအိမ်ပြန်လိုက်ခဲ့ "

သူ အခန်းတခါးကိုထုရင်း ခေါ်လိုက်သည်

သို့သော် တံခါးပိတ်ပြီးသွားတဲ့ မုရှောင်းရှောင်ကတော့

"ငါ ပြန် မ လိုက် ဘူး"

ယင်းရှောင်းကျဲ သူမအား တောင်းပန်တာ မလုပ်မခြင်း သူနှင့်စကားပြောမည်မဟုတ်ကြောင်းပြောခဲ့ပြီးဖြစ်သည်။ ဟွန့်  Humph!

တံခါးအပြင်ဘက်မှာ

ယင်းရှောင်ကျဲ မျက်မှောင်ကြုတ်နေစဉ် အနောက်တိုင်း ၀တ်စုံအပြည့် ၀တ်ထားသူတစ်ဦး ရောက်လာပြီးလေးစားစွာနှုတ်ဆက်လေသည်

ဤသူသည်ဟိုတယ်၏မန်နေဂျာဖြစ်သည်။

ဒီဟိုတယ်က အမှန်တကယ် ယင်း လုပ်ငန်းစုကြီး၏လက်အောက်တွင်ရှိသည်။ ထို့ကြောင့် ယင်းရှောင်ကျဲ‌ ရောက်ရှိမှုကို သူသိသည်နှင့်တပြိုင်နက် ဟိုတယ်မန်နေဂျာသည်အလျင်အမြန်ပြေးသွားသည်မှာအံ့သြစရာမဟုတ်ပါ။

ယင်းရှောင်ကျဲ ဘာညာမေးကြည့်သည် မနေဘဲ လက်ကိုဆန့်လိုက်ပြီး

"အခန်းကဒ်ပေး "

ယင်းရှောင်ကျဲ  ယခုကဲ့သို့ပြောလာတာက ဟိုတယ် စည်းမျဉ်းစည်းကမ်းတွေကိုဆန့်ကျင်သောကြောင့်
ဟိုတယ်မန်နေဂျာက

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Tempat cerita menjadi hidup. Temukan sekarang