Unicode
အပိုင်း ၆၁ မင်း သူမကိုကောင်းကောင်းဂရုစိုက်
လုရိချန် မျှော်လင့်ချက်မဲ့စွာ ရယ်မောပြီး ကစားပွဲ ရှုံးတဲ့ လူတစ်ယောက်က ဒီလိုမျိုး အနိုင်အရှုံးကို လေးလေးနက်နက်တွေးနေတာကို မတွေ့ဖူးခဲ့ပေ
နောက်ဆုံးတွင် သူမသဘောအတိုင်း နောက်မှ တစ်ခုခုတောင်းဆိုဖို့ ဆုံးဖြတ်လိုက်သည်
တစ်နာရီကျော်ကြာ ကစားပြီးနောက်မူ မုရှောင်းရှောင် ပင်ပန်းသွားကာ လုရိချန် ကစားနေတာကိုသာထိုင်ကြည့် နေမိတော့သည်
မုရှောင်းရှောင် မျက်လုံးများက ကောင်တာမှာရပ်နေတဲ့
ဟွိုင်ကောကို ရှာတွေ့သွားပြီး သူ့ဆီသွားလိုက်ကာ အပြုံးလေးနဲ့"ဟွေကော ကျွန်မမေးချင်တာတစ်ခုရှိတယ်"
ဟွေကော ဒီချစ်စရာ ကောင်မလေးကို ရင်းနှီးစွာ ပြန်ပြုံးပြလိုက်ကာ
"ဘာအရေးကြီးကိစ္စလဲပြောလေ"
မုရှောင်းရှောင် ဟွေကောနား ပိုမိုနီးကပ်စွာသွားပြီးလူနှစ်ဦး သာကြားနိုင်သည့်အသံဖြင့် တိုးတိုးလေးပြောလိုက်သည်။
ခဏကြာပြီးတဲ့နောက်မှာတော့ သူမ လုရိချန်ဆီ ပြန်လာသည်
လုရိချန် သူမကိုကြည့်ပြီး
“ပျင်းသွားပြီလား ဆက်ပြီးတော့ ကစားချင်သေးလား?"
မုရှောင်းရှောင် လက်ထဲမှာ ရှိနေတဲ့လက်ဖက်စိမ်းနို့ရည်ကိုသူ့ကို လှမ်းပေးလိုက်ပြီးတော့ခေါင်းကိုယမ်းကာ
"မပျင်းပါဘူး ဒါပေမယ့် အခြားတစ်ခုခုကို လုပ်ကြည့်လို့ "
"ဘာလုပ်ကြည့်ချင်တာလဲ ?"
လုရိချန် သူမစကားက ထူးဆန်းတာကြောင့် ချက်ချင်းပဲ မေးခွန်းထုတ်လိုက်မိသည်
မုရှောင်းရှောင်းဆီကနေ နှစ်လိုဖွယ် အပြုံးလေးနဲ့
"အလုပ်လုပ်ကြည့်မလို့"
ဆိုတဲ့စကားလုံးလေးကထွက်လာသည်
လုရိချန် သူကြားလိုက်တာ နားကြားများလွဲတာလားဆိုတဲ့ အကြည့်နဲ့ မုရှောင်းရှောင်ကို ကြည့်မိပြန်သည်
DU LIEST GERADE
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
RomantikThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...