Unicode Version
အပိုင်း - ၁၈ သူမရဲ့ နောက်ခံက မရိုးရှင်းဘူး
မုရှောင်းရှောင် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ ကျောင်း၀န်းထဲမှာလူအရိပ်တောင်မမြင်ပေ ကြည့်ရတာ အားလုံး စာသင်ခန်းထဲ သွားကြပြီထင်သည်
မုရှောင်းရှောင် လုရိချန်ကို
“ ကျွန်မရှင့် အတန်းတက်ရမှာကို မနှောင့်ယှက်တော့ဘူး အရင်ဦးဆုံး ကျောင်းအုပ်ကြီးရုံးခန်းကိုသွားပြီး အစီရင်ခံလိုက်ဦးမယ်အချိန်ရတဲ့အခါရှင့်ကို လာရှာပါ့မယ်နော် တာ့တာ "
ထို့နောက် မုရှောင်းရှောင် အုပ်ချုပ်ရေးရုံးခန်းအဆောက်အဦးသို့ ဦးတည်သွားလိုက်သည်
လုရိချန်ကနည်းနည်းစဉ်းစားက မုရှောင်းရှောင်ရဲ့ နောက်ကျောကိုကြည့်လိုက်ပြီး ပြောင်းရွှေ့လာတဲ့ကျောင်းသူက ကျောင်းအုပ်ကြီးရုံးခန်းကို အစီရင်ခံဖို့ သွားရလို့လား
ဒါက မုရှောင်းရှောင်ရဲ့ နောက်ခံက မရိုးရှင်းဘူး ဆိုတာကိုပြသ နေတယ် သာမန်ကျောင်းသားကးဆိုရင် ပြောင်းလာရင်
အုပ်ချုပ်ရေးဌာနကို သတင်းပို့ပြီး အတန်းပိုင်ဆရာဆီ တန်းသွားရုံပင်လုရိချန် မသက်ဆိုင်တဲ့ မကြောင်းအရာနှစ်ခုကို စဉ်းစားလိုက်မိပြီး သူတို့နှစ်ယောက်က ရှေ့လျောက်လဲတွေ့ရဦးမည်ဟုသာတွေးလိုက်ကာ အတန်းဆီကို ဦးတည်လိုက်တော့သည်
ကျောင်းအုပ်ရဲ့အခန်းထဲမှာတော့ မုရှောင်ူရှောင် ကျောင်းအုပ်ကြီးနှင့်တွေ့ကာ ကျောင်းအုပ်ကြီးကလဲ သူမကိုအရမ်းဂရုစိုက်ခဲ့သည် သူမတံခါးဝသို့ ဝင်လာလာချင်း ကျောင်းအုပ်ကြီးက လှုက်လှိုက်လှဲလှဲ နှုတ်ဆက်ကာ သောက်စရာချပေးတဲ့အပြင်
အသီးရော စားချင်သလားဟုမေးလေသည်မုရှောင်းရှောင်ကတော့ ရပါတယ်ဟုသာ ပြောလိုက်ပြီး ငြိမ်သက်စွာပင် ဆိုဖာတွင် ထိုင်နေလိုက်သည် ထို့နောက်တွင်တော့ အနက်ရောင်၀တ်ဆင်ထားတဲ့ အလွန်လေးနက်တဲ့မျက်နှာထားနဲ့ မျက်မှန်တပ်ထားအမျိုးသမီးတစ်ဦး အခန်းဆီကို ဦးတည်၍လာ နေသည်
BẠN ĐANG ĐỌC
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
Lãng mạnThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...