Unicode
အပိုင်း ၃၀ - ဒါက အကျိုးအကြောင်း မသင့်တဲ့ စေ့စပ်မှုပဲ
"အိုး ကောင်းကောင်းမောင်းပါ၊ ငါ့ကိုမကြည့်နဲ့ ယာဉ်တိုက်မှုဖြစ်မှာ ငါကြောက်တယ်"
မုရှောင်းရှောင် ယင်းရှောင်ကျဲ ဘယ်လောက်ပဲ ကားမောင်းတော်တော်တယ်ပြောပြော မယုံရဲပေ
ယင်းရှောင်ကျဲ မုရှောင်းရှောင်က သူရဲ့ ကားမောင်း ကျွမ်းကျင်မှုကို သံသယဝင်တာကြောင့် မကျေမနပ်ဖြစ်သွားသည်
" မင်းက ငါ့ရဲ့ကားမောင်း ကျမ်းကျင်မှုကို မယုံဘူးလား ငါ့မှာအခြားအမည်ပြောင်ရှိတယ်ဆိုတာ မင်းသိလား
'ကားနတ်ဘုရား' လို့ ခေါ် ကြတယ် ချိုးရန် တောင်ပေါ်မှာဆို ဘယ်သူမှငါ့ကိုနိုင်မှာမဟုတ်ဘူး "" ဆက်ပြော ဆက်ပြော ဘာပဲဖြစ်ဖြစ် နင်ပြောနေတာလဲ ငါမသိဘူး ဆက်ပြီးကြွား နေလိုက် မရပ်လိုက်နဲ့ ”
မုရှောင်းရှောင် ရွဲ့သလိုလိုနဲ့ ယင်းရှောင်းကျဲ မာနထောင်လွှားပြီး ကြွားနေတာကို ရပ်သွားအောင် လုပ်လိုက်သည်
"အိုကေ၊ စောင့်နေ တစ်နေ့နေ့မှာတော့ ငါမင်းကို ကားပြိုင်ပွဲဆီခေါ်သွားမယ်အဲ့ဒီအချိန်မှ ငါဘယ်လောက် မိုက်လဲဆိုတာ မင်းမြင်စေရမယ် "
ယင်းရှောင်ကျဲက ကပြောသည်
"ကားပြိုင်ပွဲလား ?" ကောင်းပြီလေ ဒါငါ သဘောကျသားပဲ !"
မုရှောင်းရှောင် သူမရဲ့ အကြံဆိုးလေး တစ်ခုအောင်မြင်သွားအောင် ယင်းရှောင်ကျဲကို နှိုးဆွနိုင်သွားတာကြောင့် ပြုံးလိုက်သည်
ယင်းရှောင်ကျဲကသူမကိုမြန်မြန်ဆန်ဆန်ကြည့်လိုက်သည်"ငါဘာလို့ မင်းထောင်ချောက်ထဲရောက်သွားတယ်လို့ ခံစားနေရတာလဲ "
မုရှောင်းရှောင်က မသိချင်ယောက်ဆောင်လိုက်ကာ သူ့ကိုပြုံးပြလိုက်တယ် ပြီးတော့ ယင်းရှောင်ကျဲရဲ့ မျက်နှာပေါ်ကနေကာမျက်မှန်ကို ထပ်ဆွဲယူလိုက်ကာ
"ရှေ့ကိုသာ ကြည့်ပြီးကောင်းကောင်းမောင်းစမ်းပါ
ဒီကလေးလေးရဲ့ ဘ၀က နင့် လက်ထဲမှာရှိနေတယ် "
DU LIEST GERADE
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
RomantikThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...