အပိုင်း - ၇

4K 399 2
                                    

Unicode Versiy

အပိုင်း - ၇ ဘာလို့များ မိန်းမတစ်‌ယောက်က ဒီလို ပြဿနာတွေဖန်တီးရတာလဲ

မုရှောင်းရှောင်က ယင်းရှောင်ကျဲကို တစ်ချက်ကြည့်လိုက်ပြီး  မကျေနပ်သောလေသံဖြင့်

"နင့်ပြဿနာ နင့်ဘာသာနင်‌ ဖြေရှင်းလိုက်"

မုရှောင်းရှောင် အခုပဲ အနိုင်ကျင့်ခံခဲ့ရသည် ဒါကို  မုရှောင်းရှောင် ဟန်ယွမ်အာကို ဘာမှမလုပ်ချင်ဘူးဆိုရင်တောင် ယင်းရှောင်ကျဲက ဒီတိုင်းရပ်ကြည့်နေမှာ မဟုတ်ပေ

မုရှောင်းရှောင်က ဘာတစ်ခွန်းမှ မပြောခဲ့ရင်တောင် ယင်းရှောင်ကျဲကခွင့်ပြုမှာမဟုတ် အထူးသဖြင့် သူ့ပိုင်နက်ထဲမှာ မုရှောင်းရှောင်အနိုင်ကျင့်ခံရတယ် ဆိုတာ လုံး၀ ဖြစ်မလာသင့်တဲ့ကိစ္စပင်

ယင်းရှောင်ကျဲ ဟန်ယွမ်အာကို အေးစက်စွာကြည့်လိုက်ပြီး
" ဟန်ယွမ်အာ မင်းပြောကြည့်  ငါဘယ်လိုလုပ်သင့်လဲ"

ဟန်ယွမ်အာ ဟာ  ယင်းရှောင်ကျဲ အေးခဲနေသောမျက်လုံးများနှင့်ကြည့်ခြင်းကိုခံရတဲ့နောက်မှာတော့ တုန်ခါသွားပြီး အလျင်အမြန်ပဲ  စဉ်းစားလိုက်သည် ထို့နောက်မှာ‌တော့ အသက်ကို ပြင်းပြင်းရှူကာ သူမရဲ့လက်ကို‌ မြှောက်လိုက်ပြီး ကိုယ့်ပါးကိုယ် နာ‌နာလေးချလိုက်သည်

“ တောင်းပန်ပါတယ် ဒါဟာငါ့အမှားပါ  ငါမမေးမြန်းဘဲနဲ့  စိတ်ထင်သလို မလုပ်သင့်ပါဘူး "
ဟုတွင်တွင်ပြောကာ ငိုနေရင် ကိုယ့်ပါး ကိုယ် ရိုက်နေသည် အခုတော့ သူမ၏မျက်နှာက တကယ်ပဲ စိတ်ရင်းမှန်နဲ့ အမှားကို သိကာ တောင်းပန်နေပုံ ပေါ်နေသည်

မုရှောင်းရှောင်က ဟန်ယွမ်အာ သူမကိုယ်သူမပါးရိုက်သံကိုနားထောင်နေပြီး‌တဲ့နောက်မှာတော့ မျက်နှာမဲလိုက်မိသည် သူမစဉ်းစားမိသည်က ဒီလောက်ဆို လုံလောက်ပြီ ဟု သတ်မှတ်လိုက်ကာ ခွင့်လွှတ်‌ပေးရန်ဆုံးဖြတ်ခဲ့သည်

"အိုကေ၊ ထပ်မရိုက်နဲ့ဝောာ့"

ဒီလိုဆက်ရိုက်နေလို့ကတော့  မသိရင် ငါကပဲ အတင်း လူကိုအနိုင်ကျင့်ရတာ ပျော်နေတဲ့ပုံစံမျိုးကြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Où les histoires vivent. Découvrez maintenant