Unicode Version
အပိုင်း -၂၀ အရှက်ကွဲခြင်း
မုရှောင်းရှောင်ရဲ့ မျက်နှာအမူအရာကအရမ်းကိုရယ်ချင်သလိုဖြစ်နေပြီးတော့ ရှေ့ကကောင်လေးရဲ့စကားကိုမယုံနိုင်သလိုဖြစ်နေတယ်
သူမရှေ့ကကောင်လေးကသူ့ခေါင်းကိုသူကုတ်လိုက်ပြီးတော့ရှက်ရှက်နဲ့
" တကယ်တော့ S အတန်းက စာအတော်ဆုံးလူတွေနဲ့အချမ်းသာဆုံးလူတွေကိုပဲထားထားတာ ကျန်တဲ့ပုံမှန်အတန်းတွေကိုတော့ A B C D ဆိုပြီးတော့ ခွဲထားတယ် ပြီးတော့ Fအတန်းလဲ ရှိတယ် အဲ့အတန်းကတော့ ကျောင်းမှာ အညံဆုံးအတန်းပဲ အဲအခန်းထဲမှာ အဆိုးဆုံးတွေချည်းပဲ စုနေတာ မင်းယောင်လို့တောင် အဲအခန်းနားမသွားနဲ့နော် "
မုရှောင်းရှောင် အမြန်ပဲ အခြေအနေကိုသဘောပေါက်သွားသည်
သူမဟာ ဒီကျောင်းသားလေးဟာ သဘောကောင်းသားပဲဆိုပြီးတော့တွေးလိုက်မတယ် ဒါကြောင့်သူမရဲ့အပြုအမူကလဲ ဒီကောင်လေးအပေါ် ပိုပြီးတော့ ရင်းနီးသွားတယ်
"ဒါဆိုနင်ကအရမ်းချမ်းသာမှာပေါ့ နင့်ကိုကြည့်ရတာတော့စာတော်တဲ့ ကျောင်းသားပုံစံမပေါ်ဘူး "
ကောင်လေးက ခေါင်းလေးကုတ်လိုက်ပြီး မျက်နှာချိုသွေးလိုက်ကာ
" ငါအင်္ဂလိပ်စာမှာပဲ ညံ့နေတာ စာပေမှာတော့ ငါကတော်ပါတယ်"
မုရှောင်းရှောင် မချိပြုံးပြုံးလိုက်ကာ
" စာပေမှာတော်တော့ကော ဘာလုပ်ရမှာလဲ ? ဂုဏ်ယူစရာမှမဟုတ်တာ "
ကောင်လေးကတော့
"မုရှောင်းရှောင် ငါသိသွားပြီ မင်းက အရမ်း လျှာစောင်းထက်တာပဲမင်းရဲ့ ဖြူဖြုစင်စင် ချစ်စရာကောင်းတဲ့ ရုပ်လေးနဲ့ မလိုက်လိုက်တာ"
"လျှာစောင်းထက်တယ် ဟုတ်လား လျှာစောင်းထက်တယ် ဆိုတာ ဘယ်လိုဟာလဲ ဆိုတာ သိအောင်လုပ်ပေးရမလား"
မုရှောင်းရှောင် ဟာသအနေနဲ့ စနောက်လိုက်သည်
"ဟုတ်သား ဒါနဲ့ ငါ့နာမည်က ယုကျန် လို့ခေါ်တယ် တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို ရှာလိုက် "
VOUS LISEZ
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
Roman d'amourThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...