Unicode Version
အပိုင်း - ၁၆ လူတစ်ချို့ကသူငယ်ချင်းထက် ရည်းစားကို ပိုဦးစားပေးတယ်
မုရှောင်းရှောင် ယင်းရှောင်းကျဲကို ဖုန်းခေါ်သင့်မခေါ်သင့်စဉ်းစား နေချိန်မှာ လုရိချန်က
"သူမဟာဒီနေ့မှ ကျောင်းကိုတကယ်ပြောင်းလာတာပါ ဒါ့ကြောင့် ကျောင်းသား ID ကတ် မရှိသေးတာ အခုရုံးခန်းကိုသွားပြီး အစီရင်ခံမလို့ ကျွန်တော် သက်သေပြပေးနိုင်ပါတယ်
အစောင့်က လုရိချန်ကိုအသိအမှတ်ပြုလိုက်ပြီး ရုတ်တရက်
“ မင်းက လုရိချန်မှတ်လား ငါမင်းကိုသိတယ် မင်းကြောင့် ငါ သူ့ကို ၀င်ခွင့်ပေးလိုက်မယ် "
လုရိချန် ခေါင်းလေးညိတ်လိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်သည်
"ကျေးဇူးတင်ပါတယ်။ "
လုရိချန်က သူမကို ကူညီ ပေးလိုက်တာကြောင့် မုရှောင်းရှောင် လုရိချန်ကို ကျေးဇူးတင်ပေမယ့် အစောင့်က သူမကို သူခိုးလိုမျိုး စောင့်ကြည့်နေတာကြောင့် စိတ်မသက်မသာဖြစ်စေသည်
မုရှောင်းရှောင်က ကိုယ့်ကိုကိုယ် ချိုသာပြီး ချစ်စရာကောင်းသည်လို့တော့ ထင်ပါသည် အဲဒါကို ဒီအစောင့်က သံသယမျက်လုံးနဲ့ ကြည့်ရတဲ့ အထိ ရုပ်ဆိုးနေလို့လား“ ရှင့်ကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ရှင့်ရဲ့အကူအညီကိုတော့ မယူချင်ဘူး "
လုရိချန်ကို ပြောလိုက်ပြီး ယင်းရှောင်ကျဲ ကိုဖုန်းခေါ်လိုက်တယ်
ယင်းရှောင်ကျဲက အလွန်အမင်း ပျင်းရိနေတဲ့အသံဖြင့်
“ ဟယ်လို , ဘာလဲ ?"
မုရှောင်းရှောင် မကျေနပ်မှုစုပြုံကာ ယင်းရှောင်ကျဲကို
“ ငါကို ဂိတ်၀မှာ အစောင့်ကတားထားတယ်
သူကငါ့ကိုဝင်ခွင့်မပြုနိုင်ဘူးတဲ့ ဒီလိုကျောင်းကို ငါပြောင်းရွှေ့ခံခဲ့ရတာ မယုံနိုင်ဘူး "မုရှောင်းရှောင်ရဲ့ မကျေမနပ်တိုင်သံကြားတော့ ယင်းရှောင်ကျဲက အသာလေးရယ်လိုက်တယ် မုရှောင်းရှောင်ကတော့ ယင်းရှောင်ကျဲရဲ့ တုန့်ပြန်မှုကို စိတ်ဆိုးလာကာ ကျိန်ဆဲလိုက်သည်
ယင်းရှောင်ကျဲ ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်ကာ
YOU ARE READING
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...