အပိုင်း - ၉၁

2.2K 198 0
                                    


Unicode

အပိုင်း ၉၁: ပြောမပြနိုင်တဲ့ချစ်ခြင်းမေတ္တာ

သူမအိပ်ပျော်နေပြီဖြစ်သောကြောင့် သူလည်းစိတ်သက်သာရသွားသည် ...

ပြဿနာက‌တော့ ယင်းရှောင်ကျဲစိတ်ဆန္ဒသည် နတ်ဆိုးတစ်ကောင်၏အော်ဟစ်သံကဲ့သို့ သူ့ကိုနောက်ဆုံးတွင် အဆုံးစွန်ထိတွန်းချလိုက်သည်။ 

သူကခေါင်းကိုငုံ့လိုက်တော့ မုရှောင်းရှောင်ဆီကနေထွက်လာတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ သင်းရနံ့နဲ့ ကြည်နူးစရာကောင်းတဲ့ရနံ့ကိုရခဲ့ပြန်တယ်။

သူမခန္ဓာကိုယ်က ရေမွှေးနဲ့ အခြားအလှကုန်များကို
အမြဲဆွတ်ထားလေ့ရှိသော အခြားမိန်းကလေးများနှင့်မတူ သူက အဲဒီလို အနံ့တွေကို မကြိုက်ပေ

သို့သော် မုရှောင်းရှောင် ကွဲပြားသည် သူမ၏ခန္ဓာကိုယ်သည် သဘာဝရနံ့ကိုသယ်ဆောင်ထားကာ အနားကလူကိုသက်တောင့်သက်သာဖြစ်စေသည်။

ရုတ်တရက် သူမငယ်ရွယ်စဉ်က သူမရဲ့ ခန္ဓာကိုယ်သည်
နို့နံ့သင်းသင်းလေးကိုအမြဲ‌ မွှေးနေတာကို သူသတိရမိသွားသည်။ အထူးသဖြင့် ထို အနံ့လေးသည် ကြည်နူးစရာကောင်းပြီး သူမနှင့် အနီးကပ်နေချင်စိတ်‌ ဖြစ်ပေါ်စေသည်

ထိုအချိန်က ဒီလူဆိုးမလေးသည် သူ့ကို အလွန်တွယ်ကပ်သည်  သူမလမ်းလျှောက်သင်ယူခဲ့သည့်အချိန်ကစပြီး ပင်ဂွင်းကဲ့သို့လမ်းလျှောက်ကာ  ဟိုဘက် ဒီဘက်ယိမ်းထိုးလျှောက်ပြီး နောက်ကတကောက်ကောက် လိုက်လေ့ရှိသည်

သူမရဲ့ နို့ဘူးကိုလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့်သူအင်္ကျီစကို ကိုင်ကာနောက်က‌နေ အမြဲပါသည်

သူဘယ်ကိုပဲ သွားသွား သူမသည် နို့ဘူးတစ်ဖက်နဲ့ သူ့နောက်လိုက်ကာ သူတို့ နှစ်ယောက်က အမြဲတတွဲတွဲ ဖြစ်ခဲ့လေသည်

ယင်းရှောင်ကျဲ ငယ်ဘဝကိုပြန်သတိရမိသည့်အခါ
သူ မပြုံးဘဲမနေနိုင် သူ အတွေးထဲမှာတောင် ရင်းနှီးကျွမ်း၀င်မှုခံစားခဲ့ရပြီး သူမနဲ့ပိုပြီး ထိတွေ့ရင်းနှီးချင်စိတ်က ပိုမိုမြင့်တက်လာသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Donde viven las historias. Descúbrelo ahora