အပိုင်း - ၈၅

2.3K 222 8
                                    

Unicode

အပိုင်း - ၈၅ ပေါင်းပြီး ကြံစည်တာခံရခြင်း

"ကောင်းပြီ၊ ၊ နောက်တစ်ပွဲ ကဒ်ကိုရောလိုက်မယ် "

မုရှောင်းရှောင် တကယ်တော့ ဆက်မကစားချင်တော့ဘူး၊
ဒါပေမယ့်သည်းခံပြီးဆက်ကစားဖို့ကလွဲလို့ဘာရွေးစရာမှမရှိပြန်   အခြားသူများက ကဒ်တစ်ကဒ် ကိုယ်စီကိုရွေးပြီးသောအခါ သူမလဲ လူအုပ်ကြီးရဲ့ တိုက်တွန်းမှု ကြောင့် ကဒ်တစ်ကဒ်ကို ယူလိုက်ရသည်

သူမရဲ့ကဒ်ကို ရှောင်တခင်စစ်ကြည့်လိုက်တဲ့အခါမှာ‌ စိန်သုံးလုံးကိုမြင်လိုက်ရသဖြင့်  သူမအေးခဲသွားရသည်

"ကောင်းပြီ၊ မင်းတို့ရဲ့ကဒ်ပြားတွေကို ဖွင့်ချလိုက်တော့  " 

မုရှောင်းရှောင် သက်ပြင်းချလိုက်ပြီး သူမလက်ထဲက ကဒ်ကိုထုတ်ဖော်လိုက်သည်  သူမကဒ်က နံပါတ်သည် အားလုံးထဲမှာ အသေးငယ်ဆုံးဖြစ်နေသည်

သို့သော်လည်း ဒီ‌တစ်ခေါက်ရဲ့ ဘုရင်က ဟန်ယွမ်အာ ဖြစ်လိမ့်မည်ဟုသူမဘယ်တုန်းကမှမတွေးခဲ့ပေ

ဟန်ယွမ်အာ၏နှုတ်ခမ်းသည် အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး သူမသည် မကောင်းသောရည်ရွယ်ချက်ဖြင့် မုရှောင်းရှောင်ကိုကြည့်လိုက်သည်

မု‌ရှောင်းရှောင်ရဲ့ မျက်နှာသည်လည်းပဲ အနည်းငယ်အေးစက်သွားရသည်   ဒီအမျိုးသမီးက သူ့အတွက် အမြဲ ကန့်လန့်တိုက်နေတယ်လို့ သူမခံစားရလေသည် ယခုကဲ့သို့ အခွင့်အလမ်းကောင်းရတာလာတာ ဘာကြောင့်များ  မြန်မြန် အသုံးမချဘဲ ငြိမ်ငြိမ်လေး ထိုင်နေမှာလဲ

  ဟန်ယွမ်အာ မုရှောင်းရှောင်ရဲ့  မျက်နှာ၌ မသက်မသာဖြစ်ခြင်းကိုတွေ့လိုက်ရ၍ အလွန်ပင် ကျေနပ်သွားသည် ငါ့ကို လာပြီးရှုပ်ချင်‌နေတဲ့ မိန်းမကို ဘယ်လို အပြစ်ပေးမလဲကြည့်ရအောင်

"ကောင်းပြီ ငါက ဘုရင်ဆိုတော့ နင့်ကို ငါအမိန့်ပေးမယ် ... "

သူမစကားမဆုံးခင် မုရှောင်းရှောင် စားပွဲပေါ်က ဖန်ခွက်တစ်ခုကို ကောက်ယူလိုက်ကာ တစ်ချက်ထဲ မော့လိုက်ပြီး လက်ထဲရှိဖန်ခွက်ကို စားပွဲပေါ်သို ပြန်ဆောင့်ချလိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Donde viven las historias. Descúbrelo ahora