Unicodeအပိုင်း - ၅၈ မင်းက သူပထမဆုံး ဒီကို ခေါ်လာတဲ့ မိန်းကလေး
လုရိချန် အသာခေါင်းညိတ်လိုက်ပြီး
“ အိုကေလေ မင်းကစားတတ်တယ်လား??”
အံ့သြစရာတော့မရှိပေမယ့် ဘိုးလင်းကစားသူ အများစုမှာယောက်ျားလေးများဖြစ်သည် မိန်းကလေးများကိုတွေ့ရခဲပြီး သေချာကစားနိုင်သူမှာမူနည်းသည်
မုရှောင်းရှောင် နှုတ်ခမ်းလေးထော်ပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်
" သေချာပေါက် စကားတတ်တာပေါ့ ကျွန်မက ဘိုးလင်းဘုရင်မပါ"
အဓိကက ဘာကြောင့်လဲဆိုတော့ ဘိုးလင်းသည် အမေရိကန်ပြည်ထောင်စုတွင်လူကြိုက်များသောကြောင့်ဖြစ်သည်။သူမက အလယ်တန်းကျောင်းကို ထိုနေရာတွင် ပညာသင်ကြားခဲ့သည် US မှာ သုံးလေးနှစ်နေခဲ့ပြီး ပုံမှန်အားဖြင့်သူမရဲ့အတန်းဖော်များနှင့် အတူ ဘိုးလင်းခန်းမသို့ အကြိမ်ပေါင်းများစွာသွားဖူးသည် ထို့အပြင် သူမ အခြားလူကို မရှုံးချင်ပေ ဒါကြောင့် သူမဒီကစားနည်းကို သေချာလေးသင်ယူခဲ့သည်
လုရိချန် မုရှောင်းရှောင် ကြွားလုံးထုတ်နေတဲ့ ချစ်စရာပုံပန်းသဏ္ဌာန်လေးကြောင့် ပြုံးလိုက်မိပြန်သည်
သူ တကယ်ကိုပဲ ဒီကနေ့မှာ အကြိမ်ပေါင်းများစွာရယ်မိတာပဲ
လုရိချန် မုရှောင်းရှောင်းကို နေရာကောင်းတစ်ခုရွေးချယ်ခေါ်သွားပြီး
“ မင်းဘာသောက်ချင်လဲ။ ဒီမှာစားစရာတွေလည်းရှိတယ်”
ဟုပြောခဲ့သည်။
မုရှောင်းရှောင် အနီးအနားရှိကုလားထိုင်တွင်ထိုင်လိုက်ပြီး သူမအိတ်ကပ်ထဲမှ ဖုန်းကို စမ်းမိသွားသည်
ယင်းရှောင်ကျဲကို ရုတ်တရက်စဉ်းစားမိပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။
ထိုလူဆိုးကောင် သူမကို ရှာနေမလား မသိ အကယ်၍ သူ သူမကိုအတန်းထဲတွင်မတွေ့ပါက သူမကို ဖုန်းဆက်မှာပင်
သူမ ဖုန်းကို ဖွင့်ဖို့ ခလုတ်ကိုနှိပ်လိုက်သော်လည်း ဖုန်းမျက်နှာပြင် လင်းမလာချေ သူမအံ့သြသွားပြီးနောက်တစ်ခါခလုတ်ကို ထပ်နှိပ်လိုက်သည် မနက်က အိပ်ယာထတုန်းကတောင် ဖုန်းပွင့်ပါသေးတယ်
YOU ARE READING
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...