အပိုင်း - ၅

4.3K 466 2
                                    

Unicode Version

အပိုင်း - ၅  သူမ အလိုရှိသလို ပြုမူစေခြင်း

ဟန်ယွယ်အာ မကျေမနပ်နဲ့ "နင်က ဘာအဆင့်မို့ ငါ့ကို ဒီလိုပြောရဲရတာလဲ "

တကယ်တော့ ဟန်ယွမ်အာက အရမ်းကို စိတ်ဓာတ်တွေကျနေတာပင် ယင်းရှောင်ကျဲက သူမနဲ့တွဲခဲ့တယ်ဆိုပေမယ့် တစ်ပတ်သာဖြစ်သည် လမ်းခွဲဖို့ပြောတဲ့ အခါတုန်းကလဲ အရမ်းကို ၀တ်ကျေတမ်းကျေပင် လမ်းခွဲရတဲ့အကြောင်းပြချက်ကလဲ ရိုးရှင်းလွန်းသည် အရမ်းကို လှပတဲ့ ရည်းစားအသစ်လေးရသွားလို့တဲ့

ဟန်ယွမ်အာ က မုရှောင်းရှောင်ကို အသွင်အပြင်မှာတင်သာမက အရည်အချင်းမှာပါရှုံးတာပင်
အဲဒါကြောင့် ဟန်ယွမ်အာ လုံး၀ကို ထိန်းချုပ်မှုလွတ်ကာ  သည်းခံနိုင်စွမ်းတွေ မရှိတော့ပေ

နောက်ဆုံးမှာတော့ သူမရဲ့ ၀ဋ်တွေ ပြန်ခံရဖို့အချိန်ရောက်ရှိလာပြီ

မုရှောင်း‌ရှောင်ကတော့ ဟန်ယွမ်အာနဲ့  အဖတ်လုပ်ပြီး စကားပြောဖို့ စိတ်မပါပေ အကယ်၍ သူမပြောတယ်ဆိုရင်တောင် အချိန်ကုန်တာသာ အဖတ်တင်လိမ့်မည် မုရှောင်းရှောင်လုပ်ချင်တဲ့တစ်ခုထဲသောအရာက ယင်းရှောင်ကျဲကို ရှာတွေ့ချင်ရုံသာ

မုရှောင်းရှောင် လက်ထောက်လေးကိုကြည့်လိုက်ကာ
"အမျိုးသားသန့်စင်ခန်းက ဘယ်နားမှာလဲ လိုက်ပို့ပေးပါဦး "

မုရှောင်းရှောင်ပြောစကားကြောင့် လက်ထောက်လေး ကြောင်အသွားကာ " အမျိုးသားသန့်စင်ခန်းကို လိုက်သွားမလို့လားဟင် "

မုရှောင်းရှောင် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာကာ
သူမရဲ့ မျက်၀န်းနက်တွေနဲ့ လက်ထောက်ကလေးကို စိုက်ကြည့်လိုက်ပြီး " ရှင်ပဲ ယင်းရှောင်ကျဲက သန့်စင်ခန်းသွားတယ်ဆို ကျွန်မသူ့ကို ရှာချင်ရင် အမျိုးသားသန့်စင်ခန်းမသွားလို့ အမျိုးသမီးသန့်စင်ခန်းသွားရမှာလား "

ဟန်ယွမ်အာ သူမကို အဖတ်မလုပ်ဘဲ လုပ်ချင်ရာလုပ်နေတဲ့ မုရှောင်းရှောင်ကို ကြည့်ပြီး ဒေါသတွေထွက်လာသည် သူမကို  ဘယ်လိုတောင်လျစ်လျူရှုရဲ့ရတာလဲ  သူမဟာ အလယ်တန်းကျောင်းရဲ့ အလှပကေးလေးတစ်ယောက်ကို
သူမရဲ့ရှေ့မှာ မုရှောင်းရှောင် ဒီလိုမျိုး ထောင်လွှား‌နေမှုကို ကြည့်မနေနိုင်ဘူး အထူးသဖြင့် သခင်လေးကျဲရဲ့ ရည်းစားအသစ်ကပေါ့

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now