Unicode
အပိုင်း -၂၉ ရည်းစားတစ်ယောက်ကြောင့် သူမကို စွန့်ပစ်တယ်
ယင်းရှောင်ကျဲက
'မင်းဘေးနားမှာ မင်းပြောတဲ့ အရမ်းချောတဲ့ကောင်လေးမရှိတော့ဘူးလား သူ့ကို အိမ်လိုက်ပို့ခိုင်းလိုက်ပေါ့ ကြုံတုန်းလေး သူ့ကိုအခွင့်အရေးယူခိုင်းလိုက်ပေါ့ "
မုရှောင်းရှောင်က သူမပါးစပ်ကို မဲ့ရွဲ့လိုက်ကာ
"ငါဂရုမစိုက်ဘူးဟာ ရောက်ရာ အရပ်ကနေ ငါ့ကို ပြန်လာခေါ်"
သူမ က ယင်းရှောင်ကျဲ သေချာပေါက် သူ့ရည်းစားကို အိမ်ပြန်ပို့နေတာဖြစ်မည်ဟု သူမယုံကြည်သည် ဒါ့ကြောင့် သူမကို ဂရုမစိုက်တာပင်
သူမတွေးလေလေ သူမက ပိုဒေါသထွက်လာလေပင်
သူမဖုန်းထဲကနေ"ယင်းရှောင်ကျဲ ဒီည ယင်းအိမ်ကိုပြန်မယ်ဆို ဘယ်လိုလုပ်
ငါ့ကိုထားခဲ့တာလဲ သတိထားနော် မင်းရည်းစားလေးတစ်ယောက်အတွက်နဲ့ ငါ့ကိုစွန့်ပစ်ထားတယ်လို့ တိုင်ပြောပစ်မယ်""ဟဟ၊ မင်းကသုံးနှစ်အရွယ်ကလေးလေးလား
တိုင်ပြောရအောင် ”ဟု ယင်းရှောင်ကျဲကလှောင်ပြောင်ပြောဆိုလိုက်သည်
မုရှောင်းရှောင်ကအရမ်းဝမ်းနည်းသွားကာ စိတ်ဓာတ်ကျစွာဖြင့် မြေပြင် ငုတ်တုပ်ထိုင်ချလိုက်သည်
"ယင်းရှောင်ကျဲ နင်မြန်မြန်လာခဲ့ "
မုရှောင်းရှောင် စကားပြောပြီးတာနဲ့ ပြိုင်ကားတစီးက
သူမရှေ့ရပ်လိုက်တယ်"ဟင်?"
ယင်းရှောင်ကျဲ သူမနဲ့ အတူတူ မနက်ခင်းကျောင်းတက်ချိန်တုန်းကမောင်းလာခဲ့တဲ့ ကားမဟုတ်ပေ
ဖြစ်နိုင်ပါတယ်လေ
မုရှောင်းရှောင် ခေါင်းကို မော့ပြီးကြည့်လိုက်တော့ ယင်းရှောင်ကျဲကို တွေ့လိုက်ရသည်
ယင်းရှောင်ကျဲ ကားပေါ်ကဆင်းလာကာ သူမရှေ့မှောက်၌ရပ်နေလိုက်ပြီး မုရှောင်းရှောင်ရဲ့ လက်ကို ဆွဲထူလိုက်ပြီး ထရပ်ခိုင်းလိုက်ကာ ရယ်မောလိုက်ပြီး
BINABASA MO ANG
ချစ်ခြင်းဘီလီယံ ( Billion of Pampering Only For You)
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့ သူ...