အပိုင်း - ၇၃

2.4K 242 0
                                    

Unicode

အပိုင်း - ၇၃ မနေ့ညက သူ့ကိုဘာလုပ်ခဲ့လို့လဲ ?

"ငါက ဘာလုပ်လို့လဲ ငါနင့်ကို ဘာလာက်လို့လဲလို့ ?"
မုရှောင်းရှောင် ယင်းရှောင်ကျဲ တီးတိုးပြောတာကို
နားမလည်သဖြင့် မေးလိုက်သည်

ယင်းရှောင်ကျဲရဲ့ ပုံစံက အိမ်မှုန်စုံမွှားဖြစ်နေပြီး စကားပြောရန် အခက်တွေ့နေသကဲ့သို့ ဖြစ်‌နေသည် မုရှောင်းရှောင် ဘယ်လောက်ပဲ မေးမြန်းနေပါ‌စေ ယင်းရှောင်ကျဲဆီက ဘာသံမှ ထွက်မလာပေ ယင်းရှောင်ကျဲ  စောင်ကို ခေါင်းလုံတဲ့ အထိ ခြုံကာ  အချိန်နဲနဲလောက်ထပ်ပြီး အိပ်မယ်လို့ တွေးလိုက်တော့သည်

"ယင်းရှောင်ကျဲ ! နင်က စိတ်အနှောင့်အယှက်ဖြစ်စရာစကားလုံးတွေနဲ့ ပြောပြီး စကားများချင်နေတာလား  မနေ့ကငါဘာလုပ်ခဲ့တာလဲ? ငါ့ကိုပြောလို့  ငါအရမ်း သိချင်တယ်လို့ !" 

မုရှောင်းရှောင် တကယ်ပဲ သိလိုစိတ်ပြင်းပြကာ  သိချင်ပြီဆို လုံး၀အလျော့မပေးတတ်ပေ မုရှောင်းရှောင် မေးတာကိုသာ မဖြေရင်  သူ့ကို  အလွယ်တကူ အိပ်ခွင့်ပြုမှာမဟုတ်ပေ

ယင်းရှောင်ကျဲ စောင်အောက်က‌‌နေ  လက်ချောင်းများကိုထုတ်ကာ

" ရှောင်းရှောင် မနေ့ကငါ့ကိုဘာကတိပေးတာလဲ"

မုရှောင်းရှောင် ယင်းရှောင်ကျဲကို မနေ့က ကတိ‌ ပေးထား ကို ရုတ်တရက် သတိရသွားကာ

“ အိုး…ငါသိတယ် ငါသိတယ် ၊ ကျဲ  ပြောပါဆို အမြန်ပြော!”

တကယ်တမ်း ပြောရရင် သူမသည်ပြီးခဲ့သည့်ညက ကောင်းစွာအိပ်ပျော်ခဲ့သည်  သူမ မျက်လုံးများပိတ်လိုက်သည်နှင့် တချိုးတည်း အိပ်ပျော်သွားပြီး  မနက်ခင်းမှ နှိုးလာတာပင် ဖြစ်သည် ယင်းရှောင်ကျဲကို ဘာတွေ လုပ်ခဲ့မိမှန်း လုံးဝမမှတ်မိတော့ပေ

ယင်းရှောင်ကျဲ မုရှောင်ရှောင်ရဲ့ တတွတ်တွတ် ဆူညံသံကြောင့် စိတ်ညစ်လာကာ  သူမကို မျက်လုံး တစ်ခုလုံး လည်ကြည့်လိုက်ပြီး

“ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို တစ်ညလုံးညှဉ်းပန်းနှိပ်စက်ပြီး
သိုး‌ ရေခိုင်းလို့ ကောင်းကောင်းမအိပ်လိုက်ရဘူး ငါ့ကို ပြန်ပြီး အလျော်ပေးချင်ရင် မင်း ငါ့ကို နံနက်စာ လုပ်‌ပေးသင့်တယ်  ရှောင်းရှောင် ငါ့ကိုမနှောင့်ယှက်တော့နဲ့ ငါနဲနဲ အိပ်ချင်လို့ "

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now