အပိုင်း - ၅၀

2.3K 197 0
                                    

Unicode

အပိုင်း - ၅၀  ဒါ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်

မုရှောင်းရှောင်ရဲ့မျက်လုံးတွေကတောက်ပနေပြီး
တွန့်ဆုတ်နေခြင်း မရှိဘဲ အလျင်အမြန် ခေါင်းညိတ်လိုက်သည်

"ထွက်ချင်တယ်!"

သူမ အတန်းကိုပြန်မသွားချင်တော့ပါ ထို့အပြင် ယင်းရှောင်ကျဲ နဲ့လဲ မတွေ့ချင်ပါ

"ကောင်းပြီ ကိုယ် မင်းကို ခေါ်သွားပေးမယ်"

လုရိချန်လှည့်ပြီး အခြားတစ်ဖက်သို့ ဦးတည်လိုက်သည်။

မုရှောင်းရှောင် စိတ်ရှုပ်သွားတယ်  ဒီဘက်က ကျောင်းတံခါး၀ရှိတဲ့ နေရာ မဟုတ်ဘူးလေ ဒါ့ကြောင့်  သူမ

“ ကျွန်မတို့ ကျောင်းတံခါးကနေ မထွက်ဘူးလား?”

"သေချာ ပေါက် မထွက်ဘူးပေါ့  ကျောင်းတံခါးမှာ စောင့်နေကြတဲ့လူတွေရှိတယ် ဒါကြောင့် အဆင်ပြေမှာမဟုတ်ဘူး" 

လုရိချန်ရဲ့ မျက်လုံးတွေက စွန်ရဲတစ်ကောင်လိုပင် အရမ်းပဲ လျင်လေသည် အဝေးက‌နေ လျှောက်လာတဲ့  ဆရာတစ်ယောက်ကိုချက်ချင်းတွေ့လိုက်တာနဲ့ ရှောင်းရှောင်ရဲ့ လက်ကို ဆွဲလိုက်ပြီး ဘေးကို ပုန်းလိုက်သည်

မုရှောင်းရှောင် ဆရာကို မြင်လိုက်တဲ့ အချိန်မှာ‌တော့ ပုန်းဖို့ နောက်ကျနေပြီဖြစ်သည်   လျှောက်လာတဲ့ဆရာက သူမရဲ့ အတန်းပိုင်ဆရာပင် သူမတို့ကို ဖြတ်ကျော်သွားတာကို မြင်မှ လုရိချန်ကြောင့် အမြန် ပုန်းအောင်းနိုင်တာဖြစ်၍ ကျေးဇူးတင်မိသည်

ရှောင်းရှောင် ရင်ဘတ်‌လေးကို ဖိပြီး ထိတ်လန့်စွာဖြင့်

'' ဒါက ကျွန်မတို့ အတန်းပိုင်ဆရာပဲ ''

ဟုတိုးတိုးပြောလိုက်သည်။

သူမတို့နှစ်ယောက်ကို  ဖမ်းမိလုနီးပါးဖြစ်တာကြောင့်သူမရဲ့နှလုံးသားလေး ရင်တုန်နေဆဲဖြစ်သည် သို့သော် သူမ အူမြူးစွာ


"ဒါ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်"

လုရိချန် ရှောင်းရှောင်လက်ကို ကိုင်ထားဆဲဖြစ်ကြောင်း သူသိပေမယ့် မသိဟန်ဘဲဆောင်ကာ သူမလက်ကို ဆက်ပြီးကိုင်ထားမိသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Donde viven las historias. Descúbrelo ahora