Ep (28)⚠️💣

2.7K 193 5
                                    

Unicode
ဒီအပိုင်းလေးက အသုံးအနှုန်းတွေ နဲနဲ ရိုင်းမှာမို့ အဆင်မပြေရင် ဒီအပိုင်းလေးကိုကျော်လို့ရပါတယ်😘။

▪️ဒီအပိုင်းလေးကို ကျော်လိုက်လဲ ဇာတ်လမ်းက ဆက်စပ်လို့ရတာကြောင့် စိတ်ချလက်ချသာကျော်လိုက်ပါ🤣။
💣💣💣💣💣💣💣💣💣💣💣💣💣

"Jimin Shi...Jimin Shi....Jimin Shi"

"Wae! Wae!"

စားနေတာကိုအေးဆေးမစားဘဲလူကိုလာလာစနေတဲ့ကြောင့်Jungkook ကြောင့် Jimin မျက်နှာတစ်ခုလုံး ပြုံးလိုက်။

"Jimin Shi!Jimin Shi"

"Koo ဘယ်လိုဖြစ်နေတာလဲ"

"ရော့ ဒါတွေရော ထည့်စား လူလေးက သေးသေးလေးကို အားရှိအောင်စား"

အသားတွေ အကုန်လုံး Jimin ပန်းကန်ထဲ လာထည့်နေတာကြောင့် Jimin ဂျိုကြည့်ကြည့်ရင်းသာ ထိုအသားများအား ပါးစပ်ထဲ အားရပါးရ သွပ်ထည့်လိုက်လေတော့သည်။သူ့ပုံစံကိုကြည့်ပြီး Jungkook က သဘောကျစွာရယ်တယ်။စားပြီးသောက်ပြီး Jimin က ပန်းကန်တွေဆေးကြောနေချိန် Jungkook ကနောက်မှနေ၍ Jimin ခါးလေးကို ညင်သာစွာ သိုင်းဖက်လာသည်။Jimin ပုခုံးပေါ်မေးတင်ထားရင်း မျက်လုံးတွေမှိတ်ထားလျက်နှင့်ပင် Jimin လည်ပင်းလေးအား ညင်သာစွာနမ်းလိုက်၏။

"Koo ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား"

"အင်း"

အင်းဆိုတဲ့ဖြေသံကြောင့် Jimin ပန်းကန်ဆေးနေသည်ကို မြန်မြန်လက်စသတ်လိုက်ပြီး Jungkook ဘက်သို့မျက်နှာမူလိုက်သည်။Jungkook ကတော့ မျက်လုံးမှိတ်ထားလျက်နှင့်ပင် Jimin ပုခုံးပေါ်မေးတင်ထားဆဲ။ရေစိုနေတဲ့ လက်ကိုကိုယ်မှာ ကပ်သာ အင်္ကျီနဲ့ဆွဲသုတ်လိုက်ပြီး Jungkook နှဖူးအားစမ်းကြည့်လိုက်သည်။ကိုယ်ပူနေခြင်းမရှိ။ဒါဆိုဘာဖြစ်လို့လဲ။

"Koo ဘယ်လိုဖြစ်နေလို့လဲ ဘယ်လိုနေမကောင်းတာလဲ ဗိုက်နာတာလား ခေါင်းမူးတာလား ဘာဖြစ်လို့လဲဟင်"

"ဟင့်အင်း"

"ဒါဆို ဘာဖြစ်လို့လဲ Kooရဲ့"

"Hyung!"

Jungkook ရဲ့ ခေါ်သံတွေက ပုံမှန်ထက် နူးညံ့နေရုံသာမက လေးနက်စွာ ခေါ်ဆိုနေခြင်း။

 I've Failed In Your LoveWhere stories live. Discover now