Ep(31)❣️

1.8K 174 13
                                    

Unicide

"Hyung အတန်းသွားတက်တော့နော် Hyung အတန်းချိန်ပြီးတဲ့ထိ ကျွန်တော်အတန်းရှေ့မှာ စောင့်နေမယ်"

Jimin မျက်ရည်တို့ကို Jungkook က သုတ်ပေးပြီး အတန်းရှေ့ထိလိုက်ပို့ခဲ့သည်။Jimin က အတန်းထဲကိုဝင်သွားပြီး သူ့အားထွက်သွားမှာစိုးသည့်အလားလှည့်ကြည့်လှည့်ကြည့်လုပ်နေတာကြောင့် Jungkook လက်ယှက်ပြရင်း ပြုံးပြလိုက်၏။သူကတော့ ထင်မှာပေါ့ ပြုံးနေနိုင်သေးတယ်လားလို့။

ဘယ်လိုပဲဖြစ်ဖြစ် Jungkook ကိုဒဏ်ပြန်ခတ်သည့်အနေနဲ့ အတန်းရှေ့မှာ စောင့်နေမယ်ဆိုတာကို မငြင်းဆိုမိခဲ့။သူရက်စက်ရာကြသွားပြီထင်တယ်။အတန်းချိန်က ၃နာရီဆက်တိုက်တောင်။

Jimin စာသာသင်နေရတာ စိတ်က Jungkook ဆီမှာ။တကယ်ကြီးစောင့်နေတာလားဆိုပြီး လှမ်းလှမ်းကြည့်ရသေးတယ်။လှမ်းကြည့်ပေမဲ့ မမြင်ရတာကြောင့် သွားလောက်ပြီထင်ပေမဲ့ ဆရာအနားပေးတဲ့အချိန်အပြင်ထွက်ကြည့်တော့မသွားသေးဘူး။သူ့ကိုမြင်နေရင် စိတ်မဖြောင့်မှာစိုးလို့ထင်ပါရဲ့ အကွယ်လေးမှာ ရပ်နေတာ။ဘာလို့မသွားဘဲ စောင့်နေတာလဲ။သူ့နားက ဘယ်သူတွေလဲ။လာလာနှုတ်ဆက်လိုက် စကားပြောလိုက်နဲ့။အတန်းထဲသာပြန်ဝင်လာခဲ့ရတာစာထဲလုံးဝစိတ်မပါတော့ဘူး။အတန်းချိန် ၂ချိန်လောက်ပြီးတော့ ဆရာမလာခင် Jungkook ဆီမြန်မြန်သွားပြီး  ရပ်စောင့်မနေဖို့ ပြောတာကို ဘယ်လိုမှပြောမရ။။သူ့အတန်းထဲက ပြတင်းပေါက်နားထိုင်တဲ့မိန်းကလေးတွေကလည်း Jungkook ကိုပဲ ကြည့်နေကြတာကြောင့်Jimin ဘယ်လိုမှ စိတ်မဖြောင့်။အတန်းချိန်လည်းပြီးရော Jungkook က အပေါက်ဝမှာ အဆင်သင့်လေးရပ်စောင့်နေတာ။သူလည်းထွက်လာရော ယုန်သွားတွေနဲ့ ပြုံးပြသေးတာ။

Jungkook လက်ကိုဆွဲပြီး အတန်းရှေ့မြန်မြန်ထွက်လာခဲ့လိုက်သည်။အတန်းနဲ့တော်တော်ဝေးတဲ့နေရာရောက်တော့ လက်ကိုလွှတ်ပေးလိုက်ပြီး ဘာစကားမှမပြောဘဲရှေ့ကသာ သွားနေမိသည်။ခုချိန်မှာ ဘာစကားပြောရမယ်မှန်းလဲမသိ။Jungkook က သူ့နောက်က အသာလေးလိုက်လာပြီး ဆံပင်လေးကိုဖွလိုက်၏။

"ဘာဖြစ်လို့မြန်မြန်လျောက်နေတာလဲ"

"........"

 I've Failed In Your LoveWhere stories live. Discover now