Ep(15)❣️

2.1K 264 9
                                    

Unicode
Jimin ကနေဒါသွါးမယ်ဆိုတဲ့ သတင်းကြားထားကထဲက Jungkook မှာ လေယာဥ်ကွင်းလိုက်ပို့ဖို့အစီစဥ်ရှိပြီးသား။ဒါကြောင့် ရေမိုးချိုးပြီး Jimin အခန်းတံခါးရှေ့သွားကာတံခါးခေါက်လိုက်သည်။အခန်းထဲက ကိုယ်တော်ပေါက်စက ဘယ်ချိန်ထဲက စောင့်နေလဲမသိ။နှစ်ခါတောင်ခေါက်စရာမလိုတံခါးကိုချက်ချင်းဆွဲဖွင့်ပြီး မရှိတဲ့မျက်လုံးတွေပျောက်ထွက်သွားအောင် ပြုံးရယ်ပြသည်။ထို့နောက် Jungkook ကိုလက်ဆွဲပြီး အခန်းထဲခေါ်ထည့်ကာ ခုံပေါ်ထိုင်စေလိုက်သည်။Jungkook မှာတော့ Jimin စေရာအတိုင်းပင်။

"Koo လာဒီမှါထိုင် မှာစရာတွေများတယ် Hyung က ၁ပတ်လောက်ကြာမှာဆိုတော့ Hyung မရှိတုန်း မိုးရွာထဲအပြင်လုံးဝမထွက်ရဘူး အပြင်သွားရင်တောင် မိုးမချုပ်စေရဘူး ခုက နေမကောင်းပျောက်ခါစဆိုတော့ အားရှိအောင်စား....အာ အရေးကြီးဆုံးက အရက်လုံးဝမသောက်ရဘူး ဟို ရေခဲသေတ္တာထဲက ဝိုင်ကအစ..အမ် ....ပြီးတော့"

"Jimin အဲ့လောက်ထိမှာနေတာ ကျွန်တော်ကကလေးလား"

"ကလေးမို့မှာနေတာပေါ့ စကားနားထောင်ရမယ် "

"နားမထောင်ရင်ရော"

Jimin အလိုမကျသလိုပြန်ကြည့်လိုက်ပြီး

"Koo အဲ့လိုလုပ်လို့မရဘူးနော် အတည်ပြောနေတာ စိတ်မချလို့ "

"ကျွန်တော်လည်းအတည်ပြောတာပဲလေ"

ဟော လူသားသေးသေးလေး ကောက်သွားပြီထင်ပါရဲ့ နှုတ်ခမ်းလေးဆူလို့ ကိုယ့်အနားကထွက်သွားပြီး ဗီရိုထဲက အင်္ကျီတွေ ဆွဲချင်ရာဆွဲထုတ်ကာLuggage အိတ်အသေးလေးထဲကို ပစ်ထည့်နေခြင်း။ချစ်စရာကောင်းတယ် Jimin။

"Jimin ..."

"ပြော"

"အာ...ခင်ဗျားက ဘာကိစ္စလေသံမာနေရတာလဲ Jimin"

"ဘယ်မှာ မာလို့လဲ ပြောလို့ပြောတာကို"

လူကိုမကြည့်ဘဲ နှုတ်ခမ်းလေးဆူပြီးပြောနေပုံကဆွဲနမ်းချင်စရာ။

"ဟုတ်ပါပြီ Ph No ပေး"

"ဘာလုပ်ရအောင်လဲ"

"အော် Ph.noတောင်းပါတယ်ဆို ဆက်ဖို့ပေါ့ဗျာ"

 I've Failed In Your LoveWhere stories live. Discover now