Ep(3)❣️

2.2K 241 7
                                    

Unicode
8:00Pm.....
အိမ်ဝင်းထဲသို့ Jungkook ပြိုင်ကားလေးနဲ့ ဝင်လာပါပြီ။ကားကို ဂိုထောင်ထဲ ထည့်ပြီး ကားပေါ်ကဆင်းတော့ သူ့စက်ဘီးလေးဆီတစ်ချက်ကြည့်လိုက်သည်။စက်ဘီးလေးက သူ့နေရာနှင့်သူအိန္ဒြေမပျက်။ဂိုထောင်ထဲက ထွက်လာတော့အိမ်ဝင်းထဲမှာ မီးတွေ လင်းနေတာကို သူသတိထားမိလိုက်သည်။ဒီလိုမလင်းတာတောင်ဘယ်လောက်ကြာပြီလဲ။မေမေမရှိတော့ထဲက အိမ်ကအိမ်နှင့်မတူခဲ့တာ။Jungkook အတွေးတွေရပ်ပြီး အိမ်ထဲဝင်လာခဲ့သည်။အိမ်ထဲဝင်လာချင်းပဲ ဧည့်ခန်းထဲမှာ အဖေနဲ့ ဟိုမိန်းမ။
နှစ်ယောက်လုံးရဲ့မျက်နှာက ပြုံးလို့ရွှင်လို့။သူ့ကိုမြင်ပုံမပေါ်။ဒီလိုမြင်ကွင်းမျိူးသူသိပ်မုန်းသည်။
မေမေနဲ့တုန်းက ဒီလိုမရှိခဲ့ပဲ ဒီမိန်းမနဲ့မှဘာလို့ ကြည်နူးနေလဲ။

"ကိုJimin လေးကို Nan လိမ်ထားခဲ့တာ"

အပြုံးတို့ကိုရပ်တန့်လိုက်ပြီးNan ပြောလိုက်သည်။

"ဘယ်လိုလိမ်တာလဲ Nan"

"Jungkook ကသူ့ရဲ့ ညီအရင်းပါလို့ ပြီးတော့ ကိုကလည်း အဖေအရင်းပါဆိုပြီးလိမ်ထားတာ"

"ဘာများလဲလို့ Nan ရယ် ဘာဖြစ်လဲ တကယ်လဲကိုယ်က Minie အဖေဖြစ်နေပြီပဲလေ"

ထိုစကားသံကို ကြားတော့ Jungkook ရင်ဘတ်တွေပေါက်ကွဲထွက်မတတ်။အဲ့မိန်းမကိုလည်း အလွန်စိတ်ပျက်မိသည်။စိတ်ပျက်တာကတော့ခုကထဲကမဟုတ်။မေမေပြောကတည်းက။
Jungkook နောက်ထပ်စကားတွေမကြားချင်တာကြောင့် အိမ်ပေါ်တက်မည်ဟန်ပြင်လိုက်မှJungkook အဖေကလှမ်းမြင်လိုက်ပြီး

"သား Jungkook လာပါဦး ဒီနားခဏလောက်"

Jungkook မသွားချင်ပါ။ခုချိန်မှာအဖေနဲ့စကားမပြောချင်ပါ ပြီးတော့ အဲ့မိန်းမကိုလည်းမမြင်ချင်ပါ။သို့ပေမဲ့ သူသွားရမည်။အဖေခေါ်နေတာပဲလေ။သူဧည့်ခန်းထဲဝင်သွားလိုက်သည်။အထဲရောက်တော့ ခေါ်တာက အဖေဆိုပေမဲ့ သူ့ကို စကားပြောလာတာကတော့ Nan ။

"Jungkook လေးတောင်ဒီအရွယ်ရောက်လာပြီပဲ"ပြုံးလျက်ပြောနေတဲ့ Nan မျက်နှာကို Jungkook မကြည့်ပါ။

"သားကိုအန်တီပြောစရာလေးရှိလို့။သားအန်တီ့ကို အမြင်မကြည်ချင်နေပါ အန်တီ မတောင်းဆိုပါဘူး ဒါပေမဲ့ Minie လေးကိုတော့ကောင်းကောင်းဆက်ဆံပေးပါလို့အန်တီတောင်းဆိုချင်တယ် ပြီးတော့ Minie ကိုလည်း သားက သူ့ညီအရင်းပါလို့အန်တီ လိမ်ထားတယ် "

 I've Failed In Your LoveWhere stories live. Discover now