Ep(5)❣️

2K 229 4
                                    

Unicode
မနက်ခင်းနေရောင်နွေးနွေးလေးက အခန်းပြတင်းပေါက်ကိုဖြတ်သန်းပြီး ကုတင်ဆီကျရောက်လာသည်။
အလင်းရောင်လေးက နှစ့်ခြိုက်စွာအိပ်နေသူရဲ့ မျက်နှာပေါ်ကျလာတာကြောင့် အလင်းရောင်ကိုရှောင်ဖို့ လူးလိမ့်နေမိသည်။

"ဘုတ်"ကျပြန်ပြီ။
မကျရမနေနိုင် ဟိုမှာလဲကုတင်အကျယ်ကြီးပေါ်မှနေ့တိုင်းလိုလို ပြုတ်ကျသည်။

"အား....."
စိတ်ဆိုးဆိုးအကြည့်ဖြင့် ပြတင်းတံခါးကိုလှမ်းကြည့်လိုက်သည်။ညကမပိတ်လိုက်ရဘူး။ကုတင်အောက်မှာ စောင်တွေနှင့် ပုံလျက်သားကျနေတဲ့ လူသားသေးသေးလေးက ကုံးရုန်းထပြီး ပြတင်းတံခါးဆီသွားကာ တံခါးကို ဆွဲပိတ်မလိုအလုပ် ခြံဝင်းထဲမှ Mommy နဲ့ Daddy ကိုလှမ်းတွေ့လိုက်သည်။ဝတ်ထားပုံတွေကလည်းတစ်နေရာရာကိုသွားမဲ့ပုံစံမျိုး။တစ်နေရာရာသွားစရာရှိတာကို Mommy ဘာလို့ ကြိုမပြောတာလဲ။သူ အလိုမကျဟန်နဲ့ ကုတင်နားသွားပြီး Ph ကောက်ယူလိုက်သည်။ အို ..Mommy ဆီက missed call တွေ ။
အမှန်က သူဆက်မလို့ပါ။ Missed call တွေ မကြားတဲ့ထိ သူဘယ်လောက်တောင်အိပ်ပျော်ခဲ့တာလဲ။ph က Silent လဲမလုပ်ထားဘဲ။Mommy ဆီ ph ပြန်ခေါ်ရင်း ပြတင်းတံခါးဆီသွားလိုက်သည်။

"Hello!Mommy ဘယ်သွားမလို့လဲ ?"
သူဘာမှစကားခံမနေဘဲ သိချင်တာတန်းမေးလိုက်သည်။Mommy က ph ကို ဖြေရင်း သူ့ အခန်းပြတင်းဆီလှမ်းကြည့်ကာ လက်ခါပြသည်။

"Minie ကို မနက် ကတည်းက Mommy ph ခေါ်နေတာ Mommy ရုတ်တရက်ကြီးအလုပ်ကိစ္စပေါ်လာလို့ Company ညကပဲ Ph ဆက်တယ်"

မနက်က ...Mommy သူ့ဆီ Ph ဆက်တယ်။ဒါဆိုအခု ဘယ်အချိန်ရှိပြီလဲ?
နားထောင်နေတဲ့ Phကို ခနခွါပြီး Ph နာရီကို ကြည့်လိုက်သည်။

11:23AM။
Hmmm......အဲ့လောက်တောင်အိပ်ပျော်သွားလား။ပြီးမှ ph ကို နားနားပြန်ကပ်ပြီး။

"အဲ့တာMommyသွားရမယ်"
"Mommyဘာပြောလိုက်တာလဲ"

"aww Mommy တို့Company နဲ့တွဲလုပ်မယ့် USAက သူဌေးကိုသွားတွေ့ခိုင်းတာ"

"ဘာလို့ Mommy ကိုခိုင်းတာလဲ Company ပိုင်ရှင်ကမသွားဘဲ"

"သူဌေးက ဟိုနေ့ကပဲ ကျန်းမာရေးမကောင်းလို့ဆေးရုံတက်နေရတယ် အခု Mommyက သူ့အစားတာဝန်ယူနေရတယ် Minie "

 I've Failed In Your LoveWhere stories live. Discover now