Ep(27)❣️

1.7K 198 0
                                    

Unicode
ချစ်သူဖြစ်ပြီဆိုကထဲက Jungkook က Jimin အနေခက်မှာကြောင့်နားလည်စွာ Jiminအခန်းထဲ သွားမအိပ်ဖြစ်ခဲ့။မနေ့က ကျောင်းပိတ်ရက်တစ်ရက်လုံးလဲ အိမ်မှာ စားလိုက် သောက်လိုက် ဂိမ်းဆော့လိုက်နှင့် ပုံမှန်အတိုင်းပင်။ဒီနေ့တော့ ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် Jimin အစောကြီးနိုးနေခဲ့သည်။မနက်စာပြင်ဆင်ကာ Jungkook ကို သွားနှိုးလိုက်သည်။

"Jungkookie..Jungkookie..ထတော့"

"......"

"Koo....ထတော့ မနက်စာစားရအောင်"

"အင်း....."

"ထမင်းစားခန်းထဲမှာ စောင့်နေမယ်နော် မြန်မြန်လုပ်ခဲ့ Hyung ဒီနေ့ ကျောင်းစောစောသွားရမှာ​မို့"

"အင်း....."

ခနလောက်ကြာတော့ Jungkook ထမင်းစားခန်းထဲရောက်လာခဲ့သည်။နေပါဦး...ဒီအိတ်က။Jimin ထိုင်နေရာမှ ထရပ်လိုက်ပြီး အခန်းထဲ မြန်မြန်ပြေးကာ ဗီရိုတံခါးဆွဲဖွင့်လိုက်သည်။သေချာရှာကြည့်တော့မရှိတော့ဘူး။ဒါဆို Koo က ဘယ်လိုရသွားတာလဲဒီအိတ်ကို။Kooရဲ့လွယ်နေကျအိတ်လေးက Fashion out နေတာကြောင့် သူ့မွေးနေ့မှာ ပေးဖို့ Limited edition ထဲကကို ရအောင်ယူထားတာ။မဟုတ်မှ သူဟိုနေ့ကမူးပြီး ပေးလိုက်တာလား။သွားပါပြီ အဲ့ပုံစံနဲ့မှပေးလိုက်ရသလား။သေချာလေး ပေးဖို့စီစဥ်ထားတာ။အခန်းထဲမှမြန်မြန်ပြန်ထွက်လာလိုက်ပြီး Jungkook အား...

"Jungkookie...ဒီအိတ်က ဘယ်ကရတာလဲ"

"ခိုးလာတာ"

"Hmm...ဘယ်ကလဲ"

"Hyung ဆီက"

Jimin ..Jungkookလွယ်ထားတဲ့အိတ်ကိုရုတ်တရက်ဆွဲချွတ်လိုက်သည်။

"မလွယ်နဲ့တော့ တခြားဟာ ပြန်ဝယ်ရအောင်"

"ဘာလို့လဲ"

"မင်းအတွက်မွေးနေ့လက်ဆောင်မပေးရသေးဘူး ကောင်းတာပြန်ဝယ်ပေးမယ်"

"ဒါလည်းကောင်းနေတာပဲကို ဘာလို့လဲ"

"ဟင့်အင်း...မကောင်းဘူး"

Jimin ဆီက အိတ်ကို Jungkook ပြန်ဆွဲယူလိုက်ပြီး Jiminနဖူးလေးအားညင်သာစွာနမ်းလိုက်၏။ဒီတေါ့မှအ​ကောင်ပေါက်လေးက ငြိမ်ကျသွားပြီး ပြူးကြောင်ကြောင်လေးမော့ကြည့်လာသည်။ထို့နောက် Jiminဆံပင်လေးအားလက်နဲ့ထိုးဖွလိုက်ရင်း...

 I've Failed In Your LoveWhere stories live. Discover now