Unicode
ခမ်းနားကြီးကျယ်သော နေအိမ်ကြီးအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်လွန်းသောထမင်းစားဝိုင်း......ထိုထမင်းစားဝိုင်းမှ လူနှစ်ဦး....
တစ်ဦးမှာ 19နှစ်အရွယ်လူငယ်လေးနှင့်
ကျန်တစ်ဦးမှာတော့ ၃၄ ၃၅ ဝန်းကျင်"Jungkook ထမင်းစားပြီးရင် သားကိုပြောစရာရှိတယ် ဧည့်ခန်းထဲ လာခဲ့ "
ထိုအမျိူးသားမှတဖက်မှာထိုင်နေတဲ့Jungkookဆိုသော ခပ်ငယ်ငယ်ကောင်လေးအားစကားစမြည်လိုက်သည်။ထိုစကားအား ကောင်လေးမှာ အင်းလဲ မလုပ်အဲလဲမလုပ်။ထိုနည်းတူထိုအမျိုးသားမှာလည်းကောင်လေးအဖြေကို မျှော်လင့်ပုံမပေါ်။
စားသောက်ပြီး ခနအကြာ
Jungkookဆိုသော လူငယ်လေးအား
အဖေဖြစ်သူမှ ဧည့်ခန်းမှာ သတင်းစာဖတ်ရင်းထိုင်စောင့်နေလေသည်။5မိနစ်.....
ပေါ်မလာ10မိနစ်....
ပေါ်မလာ15မိနစ်...
အရိပ်အယောင်တောင်မတွေ့ရသေး
နာရီတကြည့်ကြည့်နှင့်အဖေဖြစ်သူမှာ စိတ်မရှည်တော့20...25.26မိနစ်
"မမခိုင်"
"မမခိုင်!""ရှင် လာပြီ လာပြီ"
"Jungkook ဘာလုပ်နေတာလဲ စကားပြောမလို့ ခေါ်ထားတာ အခုထိရောက်မလာသေးဘူး"
ထိုလူကြီးအသံမှာ စိတ်တိုနေပြီဆိုတာသေချာလျက်
"ဟို အဲ့တာ ...Jungkookieကအပြင်ထွက်သွားတယ်"
"ဘာ !ဘယ်အချိန်ကထွက်သွားတာလဲ ဒီမှါထိုင်စောင့်နေတာကြာပြီ မမခိုင်ကဒါကို ဘာလို့လာမပြောတာလဲ"
"အဲ့လို မှန်းမမခိုင်မှမသိတာကွယ်"
"ဟင်း" ထိုလူကြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ထို့နောက်
"ဒါဆို ပြန်လာရင် ကျွန်တော့်ကို အသိပေးပါ"
"ဟုတ်"...............
Jungkook ဆိုသော လူငယ်လေး၏ မျက်နှာမှာ အရွယ်နှင့်မလိုက်အောင်အေးစက်မာကျောလွန်းလှသည်။လေတဖြူးဖြူးတိုက်နေသော မြစ်ကမ်းဘေးမှာ စက်ဘီးကလေးကို ဒေါက်ထောက်ပြီး မျက်ခင်းပြင်စိမ်းစိမ်းမှာ ထိုင်ချလိုက်ကာ ထိုတိုက်ခိုက်နေသော လေအေးလေးများကို မျက်လုံးမှိတ်ကာ ခံစားလိုက်သည်။ခနအကြာ