Unicode
*Rings ...Rings*ဖုန်းမြည်သံကြောင့် Jimin နိုးလာခဲ့သည်။သူ့ဖုန်းကိုကြည့်တော့ သူ့ဖုန်းကမြည်တာမဟုတ်ဘဲJungkook ရဲ့ ဖုန်းကမြည်နေတာ။စားပွဲပေါ်တင်ထားတဲ့ Ph ကို လှမ်းယူလိုက်ပြီး Contactကိုကြည့်တော့
V⚡
ဖုန်းကိုကိုင်ဖို့ ရာလိုက်ရာမှ Jungkookက နိုးလာတာကြောင့် Jungkook ကိုသာ ပေးလိုက်ပြီး ဆက်အိပ်နေလိုက်သည်။
Jungkookဖုန်းကိုကိုင်ကာတဖက်က စကားပြောသံကြောင့်အိပ်ယာမှထကာ အနွေးထည်ကောက်ဝတ်လိုက်သည်။ထို့နောက် အိပ်နေတဲ့ သူ့ရဲ့ အကောင်ပေါက်လေးကို အသာလေးနမ်းလိုက်ပြီး ကားသော့ယူကာ တိုက်ခန်းထဲမှ ထွက်လာခဲ့သည်။
ပါးပြင်လေးနွေးသွားတာကြောင့်Jungkook နမ်းလိုက်တာကို Jimin သိသည်။ရုတ်တရက်Jungkookအပြင်ထွက်သွားတာကြောင့် Jimin အိပ်နေရာမှ ထထိုင်လိုက်သည်။
"Koo!"
Jungkook က သူ့ခေါ်သံတောင်မကြားတော့ ပြေးထွက်သွားလေသည်။Jimin အိပ်ယာထဲမှ မြန်မြန်ထကာ တိုက်ခန်းအပြင်ထွက်လိုက်သည်။Jungkook ရဲ့ အရိပ်တောင်မမြင်ရတော့။နာရီကြည့်တော့ 12:34Am။Jimin ဖုန်းထုတ်ကာ Jungkook ဆီ ဖုန်းခေါ်လိုက်သည်။
•လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့်........တီ တီ တီ •
ဘယ်နှခါခေါ်ခေါ် ဒါမျိုးပဲဖြစ်နေတာမို့ Jimin လိုက်ပဲသွားရမလား ဆက်ပဲ အိပ်ရမလား စိတ်တွေရှုပ်လာသည်။ဘာဖြစ်လို့ Koo က သူ့ကို ပြောမသွားရတာလဲ။ဘာတွေအရေးကြီးနေတာလဲ။
Jiminမအိပ်ဘဲ ဧည့်ခန်းထဲ Tv ဖွင့်ကာ ထိုင်စောင့်နေလိုက်သည်။Tv သာ ဖွင့်ထားရတာ စိတ်က ဇာတ်လမ်းပေါ်အာရုံမရဘဲ Jungkook ဆီသာ။တစ်လိုင်းပြီး တစ်လိုင်းပြောင်းကာ နောက်ဆုံး Tv သာ ထပိတ်လိုက်သည်။မီးဖိုထဲသွားပြီး ရေခဲသေတ္တာထဲက ရေတစ်ဘူး ထုတ်ကာ ဧည့်ခန်းထဲ ပြန်ဝင်လာခဲ့သည်။အတော်ကြာသည်အထိ Jungkook က ပြန်မလာ။Jimin နောက်တစ်ခါ ဖုန်းဆက်ကြည့်သည်။မအားသေးပါ။ဖုန်းဝင်တာကို ဘာလို့မကိုင်တာလဲ။Jimin စိတ်အရမ်းပူလာပြီး ဘယ်ကို လိုက်လို့လိုက်သွားရမယ်မှန်းလဲမသိ။