Ep(7)❣️

1.9K 255 10
                                    

Unicode
လထိန်ထိန်သာနေသော ကောင်းကင်ကြီးကြောင့် ခြံဝင်းထဲမီးပင်ထွန်းစရာမလိုအောင်လင်းနေသည်။Jimin အိမ်ဝင်းထဲလမ်းလျောက်ရင်း ကား ဂိုထောင်ဘက်ရောက်သွားပြန်ပါသည်။ကားဂိုထောင်ထဲကစက်ဘီးကလေးကိုမြင်တော့ စက်ဘီးကလေးက သူ့ကိုစီးပါလို့ခေါ်နေသယောင်ယောင်။Jimin စက်ဘီးစီးချင်စိတ်ပေါ်လာတာကြောင့် စက်ဘီးနားကပ်သွားကာစက်ဘီးဒေါက်ကလေးဖြုတ်လိုက်ကာမှ တစ်ခုခုကိုသတိရလိုက်သည်။စက်ဘီးပိုင်ရှင်ဆီခွင့်တောင်းရဦးမယ်မလား။စက်ဘီးကလေးကို ဒေါက်ပြန်ထောက်လိုက်ပြီး သွက်သွက်ကလေး အိမ်ထဲပြေးဝင်သွားသည်။

"အန်တီခိုင် Jungkookရော"

"အိမ်ပေါ်တက်သွားတယ်Minie သူ့အခန်းထဲမှာနေမယ်"

"ဟုတ်"

အိမ်ပေါ်အပြေးလေးတက်ပြီး Jungkook အခန်းရှေ့ရောက်ကာမှ ရပ်ပြီးတံခါးလေးခေါက်လိုက်သည်။...

"Jungkookie....."

အထဲကJungkook ကတော့ ပြန်ထူးဖို့နေနေသာသာအရေးတောင်မလုပ်။Jimin အခန်းတံခါးလက်ကိုင်ကိုအသာလေးလှည့်လိုက်တော့ တံခါးက လော့မချထားတာကြောင့်....

"Jungkookie.. Hyung ဝင်လာပြီနော်"

အခန်းထဲရောက်တော့ Jungkook က ကုတင်ပေါ်မှောက်ရက်ကလေးအိပ်ပျော်နေလေရဲ့။ဘယ်လောက်တောင်ပင်ပန်းနေပါလိမ့်ခလေးရယ်။Busan ကိုရောသွားခဲ့တာသေချာရဲ့လား။Hyung ကို တမင်သက်သက် ကြည့်မရလို့ သင်ခန်းစာပေးတာလား။ဘယ်လိုပဲဖြစ်ဖြစ် Hyung က မင်းနဲ့နီးစပ်အောင်ကြိုးစားပြီး မင်းကို အတိုးနဲ့ ဂရုစိုက်ပေးမှာမို့မင်းတစ်နေ့ Hyung ကို အကိုရယ်လို့လက်ခံလာမှာပါ။
Jimin နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Jungkookကိုကုတင်ဘေးမှသေချာစွာစူးစိုက်ကြည့်ရင်းအရမ်းကြည့်ကောင်းတာပဲ။

Jimin ဒီညလည်းစက်ဘီးစီးရဖို့ပုံမပေါ်။မပြောဘဲစီးရင်လဲ ကိုယ်တော်ချောက ခီးဦးမည်မဟုတ်လား။Jimin သက်ပြင်းလေးညင်သာစွာချလိုက်ပြီးကုတင်နားကလှည့်ထွက်ခဲ့သည်။
ရုတ်တရက်ဆိုသလို .....

"ခင်ဗျားဘာလာလုပ်တာလဲ...."

"ဟင် Jungkookie နိုးသွားတာလား"

 I've Failed In Your LoveWhere stories live. Discover now