Unicode
ကော်ဖီဆိုင်လေးရှေ့ကားလေးရပ်လိုက်ပြီး Jungkookကားပေါ်မှ ဆင်းသွားသည်။Jimin လည်းJungkook ဆင်းသွားတာနဲ့တပြိုင်နက် သူပါ လိုက်ဆင်းလိုက်သည်။ကော်ဖီဆိုင်ထဲ ဝင်တော့ ကော်ဖီနံ့လေးတွေက သင်းလို့။Jimin ဝင်လာလာချင်း ရှေ့တည့်တည့် နံရံမှာချိတ်ထားတဲ့ Signboardလေးကို လှမ်းကြည့်လိုက်သည်။ဆိုင်နာမည်လေးက ချစ်စရာလေးပဲ။
He & She(မောင်နှင့်မယ်)"JK ခုမှပဲပေါ်လာတော့တယ် ဆိုင်မလာတာတောင်ကြာနေပြီ"
"အင်း"
ပြောရင်းဆိုရင်း Jungkook ဆိုင်အနောက်ခန်းထဲဝင်သွားသည်။Jimin လည်း Jungkook သွားသမျှနောက်လိုက်ရမည်။
သူမှ ဒီဆိုင်ကို မသိတာ ဆိုင်ရှင်နဲ့လဲမသိ။
မသိတာက အကြောင်းမဟုတ် မသိရင် ခပ်တည်တည်နဲ့ကော်ဖီသောက်ပြီး ပြန်လာရအောင်ကလည်း ပိုက်ဆံမပါ။ခုချိန်မှာ Jungkook နားပဲကပ်နေရမယ်။ဆိုင်နောက်ခန်းထဲရောက်တော့ Jungkook ဆိုဖာပေါ် ထိုင်လိုက်ရင်း....."ကျွန်တော် ခနနေ သွားစရာရှိတယ် ဒီမှါ ခနနေခဲ့ "
"Hyung လည်းလိုက်မယ်လေ ဒီမှါက...."
"အပြင်ရောက်ရင် Hyung လို့မခေါ်ပါနဲ့"
"အော် အေးပါ ...ငါဒီမှါနေခဲ့လို့မဖြစ်ဘူးထင်တယ် ဆိုင်ရှင်နဲ့လဲမသိဘူး ပြီးတော့ ပိုက်ဆံလည်းမပါဘူး"
"မပူနဲ့ ကျွန်တော်ပြောထားခဲ့မယ် ရော့...."
ပြောရင်းဆိုရင်း Jungkook အိတ်ထဲက ပိုက်ဆံ တစ်သောင်းတန်သုံးရွက် ထုတ်ပြီး Jiminကိုပေးလိုက်သည်။ဒီလေါက်တော့ပေးရမယ်မလား။သူလုပ်မယ့်လုပ်ရက်အတွက်။
သို့သော် Jimin က မယူပါ။"ဟင့်အင်း မင်းပြောတော့ မင်းသွားတဲ့နေရာခေါ်မယ်ဆို ငါက ဒီမှါ ဘာလုပ်နေခဲ့ရမှာလဲ ပျင်းစရာကြီး"
"ခင်ဗျားလိုက်လို့မသင့်တော်ပါဘူး လိုက်ခဲ့ရင် ပိုဆိုးလိမ့်မယ် ဒီမှါက ပိုအဆင်ပြေမယ် မကြာပါဘူး ရော့ ယူထား"
Jimin တစ်သောင်းတန်သုံးရွက်ထဲက တစ်ရွက်ပဲ ဆွဲယူထားလိုက်ပြီး...
![](https://img.wattpad.com/cover/241513781-288-k261091.jpg)