Unicode
Jiminခြေထောက်အကြောထိသွားတာကြောင့်လမ်းမလျောက်နိုင်သေး၍Jungkook အခန်းထဲက ခုံပေါ် ခဏထိုင်နေရသည်။"ရော့... "
Jungkook က Jimin အားဆေးဘူးလေးတစ်ဘူးပစ်ပေးလိုက်သည်။Jimin ပြုံးမိလိုက်သည်။ဒီလိုကျတော့လဲJungkookie လေးကသိတတ်သားပဲ။ဆေးဘူးအဖုံးလေးဖွင့်ပြီး နာနေသောနေရာလေးအားလိမ်းလိုက်သည်။
"ပြီးရင်သွားတော့"
"ဟင် ဆေးလိမ်းပြီးပြီးချင်း သွားရမှာလား လမ်းမလျောက်နိုင်......."
"သက်သာရင်သွားတော့လို့ပြောတာ ခင်ဗျား အပိုတွေသိပ်မလုပ်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်"
"ဟင် Jungkookie!Hyung ကအဲ့လောက်တောင်စိတ်ပျက်စရာကောင်းလား?"
"Hyung Hyung နဲ့မပြောစမ်းပါနဲ့!
ခင်ဗျားနဲ့ကျွန်တော်နဲ့က ညီအကိုလည်းမဟုတ်ဘူး"မင်း Hyung နဲ့စိမ်းနေတယ်ဆိုတာက Hyungနဲ့ Daddy နဲ့စိမ်းနေသလိုမျိုးမို့Hyung နားလည်တယ်။ဒါပေမဲ့ အဲ့လိုမျိုးကြီးပြောတာတော့အဆင်မပြေဘူးလေ။စိတ်နာနေပေမဲ့လည်းအကိုဟာ အကိုပဲမလား။အင်းပါလေ ဒီလိုမျိုးညီလေးကို ထားခဲ့တဲ့ Mommyကိုလည်း Hyung နားမလည်ဘူး။Daddy နဲ့စိတ်ဆိုးခဲ့တောင် ဒီကလေးကိုထားခဲ့စရာလား။ဒါမှမဟုတ် တစ်ယောက်တစ်ဦးဆီခေါ်ထားတာလား။ဘာတွေမှန်း Hyung လည်းမသိတော့ဘူး Jungkookie။Mommy ကိုမေးတိုင်းလဲ သေချာဖြေပေးတယ်ဆိုတာမရှိဘူး ဝေဝေဝါးဝါးမို့ မင်းကိုပဲ Hyung က Mommy အစား ပိုဂရုစိုက်ပေးပါ့မယ်။
"မကြိုက်ရင် မပြောတော့ပါဘူး Jungkookie !ဒါပေမဲ့ ငါက မင်းအကို ဆိုတာ မင်းငြင်းလို့မရဘူး"
ပြောပြောဆိုဆိုဒဏ်ရါကိုမေ့ပြီး ထရပ်လိုက်သည်။
"အား...ကျွတ်ကျွတ် ငါလမ်းလျောက်လို့မရဘူး မင်းတွဲပေးမှရမယ်"
Jungkook က တွဲမပေးနိုင်ဘူးလို့အပြတ်အသတ်ငြင်းနေတဲ့ အကြည့်နဲ့ ကြည့်ခဲ့တာကြောင့်......
"မင်းမတွဲချင်ရင် လူခေါ်ပေးပါ"
Jungkook တွေဝေသွားသည် ။ တွဲမပေးချင်သလို လူလည်းခေါ်မပေးချင်ပါ။ ခေါ်ပေးလိုက်လို့ Jimin ဒီလိုဖြစ်တာသူ့ကြောင့်ဆိုမကောင်းဘူးလေ။သူတွဲပေးဖို့ ဆုံးဖြတ်လိုက်သည်။Jimin အနားကပ်သွားပြီး Jimin လက်တစ်ဖက်ကို သူ့ပခုံးပေါ်ဆွဲတင်လိုက်သည်။ရုတ်တရက်ကြီးဆွဲတင်လိုက်တာကြောင့် Jimin ကြောင်ပြီး Jungkook မျက်နှာအားမော့ကြည့်လိုက်သည်။နှစ်ဦးသားမျက်လုံးချင်းစုံသွားတာကြောင့် Jimin ရင်တွေပါတုန်လာသည်။အရမ်းမရင်းနှီးသေးတဲ့သူ့ညီလေးက သူ့ကိုဒီလို ဆက်ဆံပေးလို့ ရင်တွေတုန်လာရသလား?ဒါမှမဟုတ်အရမ်းမရင်းနှီးသေးတဲ့ ယောကျ်ားတစ်ယောက်နဲ့ အကြည့်ချင်းစုံလိုက်တာကြောင့်ရင်တွေတုန်လာရလား?ဆိုတာ သူကိုယ်တိုင်တောင်ရေရေရာရာမသိပါ။
Jungkookကတော့ ဘာမှမဖြစ်သလို အကြည့်လွဲသွားပြီး လမ်းလျောက်လိုက်တာကြောင့် သူJungkook ကို အားပြုပြီးလျောက်လိုက်သည်။စိတ်ထဲမှာတော့"ဟူး"ရင်တွေ တော်တော်တုန်နေတယ်။
(အမှန်က ရင်ခုန်သွားတာပါအလှလေးရေ😅)
![](https://img.wattpad.com/cover/241513781-288-k261091.jpg)