Unicode
Jimin ဝယ်လာသော Dream Catcherလေးကိုင်ရင်း အိမ်ပေါ်တက်လာခဲ့သည်။လျောက်လမ်းအတိုင်းလျောက်လာပြီးနောက် အခန်းထဲသို့ဝင်လိုက်သည်။Dream Catcher လေးကို ဝရံတာအဝင်ပေါက်တံခါးမှာချိတ်ဖို့ စားပွဲနားကခုံလေးမရွေ့လိုက်သည်။ခုံပေါ်တက်လိုက်ပြီး အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ကြယ်တွေတောင်ထွက်လာပြီ။ခုတော့လဲမိုးက သူမဟုတ်သလိုပဲ။Dream Catcher လေးကို တံခါးအမြင့်မှာ ချိတ်နေတုန်းမှာပဲ..."ဒေါက်...ဒေါက်..ဒေါက် Jimin!Park Jimin"
တံခါးခေါက်သံနဲ့ ခေါ်သံရောနေတာကြောင့်ဘယ်သူမှန်းသေချာမသိပေမဲ့ Jimin "အန်တီခိုင်လား?"ဟုရေရွတ်လိုက်သည်။
"Park Jimin!ဒီလေါက်ခေါ်နေတာကို မကြားတာလား"
ပြောပြောဆိုဆို Jungkook စိတ်မရှည်တော့ဘဲ အခန်းထဲသို့ဝင်လိုက်တော့သည်။ အခန်းထဲရောက်သော်လည်း လူကို ချက်ချင်းမတွေ့ရတာကြောင့်ဝရံတာဘက်ထွက်လာခဲ့သည်။ဟောတွေ့ပါပြီ.....
"Park Jimin ခင်ဗျားဘယ်တွေ လျောက်သွားနေတာလဲ?"
Jungkook ရဲ့ ပုံစံကို ကြည့်ပြီး Jiminအံ့သြလွန်းလို့ Dream Catcher လေးတောင်ဆက်မချိတ်နိုင်။
"အဲ့ပေါ်မှာ ဘာတက်လုပ်နေတာလဲ ကျွန်တော်ပြောနေတာကြားလား"
"Jungkookie ဘယ်လိုရောက်လာတာလဲ ပြောတော့ ဟိုမှာ အိပ်မှာဆို ဒီလိုမှန်းသိရင် Hyung J hope ကို မပို့ခိုင်းပါဘူး"
"J hope?Hyung က ခင်ဗျားကိုပို့ပေးခဲ့တာလား"
"ဟုတ်တယ် ဆိုင်ကို J hope လာလို့ သူပြန်တော့ လိုက်ပို့ခိုင်းလိုက်တာ အဲ့တုန်း က မင်းကအိပ်ပျော်နေလို့ပြောမသွားတာ"
"ဒါဆို ဘာလို့ အိမ်ကို ချက်ချင်းမရောက်ဘဲ ဒီလေါက်ကြာနေတာလဲ "
"ဒီမှါလေ အဲ့ဆိုင်ရှေ့ရောက်သွားလို့ ဝင်ကြည့်နေတာ"
လက်ထဲမှ Dream Catcher လေးကို မြောက်ပြရင်းပြောလိုက်သည်။ထိုမှ Jun gkook တစ်ယောက်ရင်အေးသွားပြီး Jimin အားကျောပေးကာ ခြေလှမ်းလှမ်းရန်ပြင်လိုက်စဥ်.....
"Jungkookie ဘာလို့အင်္ကျီတွေက စိုနေတာလဲ မိုးရေထဲ ဘာမှမပါဘဲ ထွက်ထားတာလား"