17.
ရှောင်ဝမ်ရယ် အပြစ်ရှိမှုရောစိတ်လှုပ်ရှားမှုပါစုပေါင်းကာအသံတိုးတိုးဖြင့် "ယန်ကောကော"
ယန်တာ့ရန် နံဘေးရှိဆူဆူညံညံတစ်သိုက်ကိုဖြတ်ကျော်ရင်းအထဲသို့ဝင်လာကာ ရှောင်ဝမ်ရယ်ကို ဂုတ်မှဆွဲမလိုက်ပြီးတီးတိုးပြောလိုက်၏ "မင်းသားကိုး ဘယ်လိုလုပ်ပြီးဒီလိုနေရာမျိုးကိုလာရတာလဲ?"
ရှောင်ဝမ်ရယ် ညီအကိုချင်းကသစ္စာဖောက်ပြီး မင်းသား၎ထံလက်ညှိုးထိုးကာ "အစ်ကိုတော်ခေါ်လာတာ"
ယန်တာ့ရန် မင်းသား၎အားမျက်လုံးမှေးကာကြည့်လိုက်ပြီး "မင်းသားကိုးက အခုမှ၁၅နှစ်ပဲရှိသေးတယ်"
ထိုအချိန် မင်းသား၎မှာအင်္ကျီဟပြဲဖြင့်ဖိုသီဖပ်သီဖြစ်နေပြီး "အိုက်ယား ဘာတွေစိုးရိမ်နေတာလဲ? ကိုယ်တော်သူ့အရွယ်လောက်ကဆို အဖော်နှစ်ယောက်နဲ့အခန်းထဲတောင်ရောက်နေပြီ"
ယန်တာ့ရန်ဘာမှဆက်မပြောတော့ပဲ ရှောင်ဝမ်ရယ်အားခေါ်လာခဲ့၏။
ရှောင်ဝမ်ရယ် သူ့ခါးကိုင်ကာဆွဲခေါ်လာသည်ကိုငုံ့ကြည့်ရင်း နှလုံးသားထဲအပျော်သေးသေးလေးဖြစ်ထွန်းသွားကာတွေးလိုက်၏။ ဆောင်ကြာမြိုင်သွားတာလူမိလည်း ထင်သလောက်မဆိုးလှ...
မိန်းမပျိုလေးများရယ်မောရင်း လက်ကိုင်ပုဝါများဝေ့ယမ်းကာ ရှောင်ဝမ်ရယ်အားပြောလိုက်၏ "သခင်လေး နောက်လည်းလာခဲ့နော်"
ရှောင်ဝမ်ရယ် ရိုရိုကျိုးကျိုးချစ်စရာကောင်းစွာပြန်ပြောလိုက်၏ "နောက်မှတွေ့မယ် ကျဲကျဲတို့"
ယန်တာ့ရန်ရပ်ကာ မျက်လုံးများကိုကျဉ်းမြောင်းရင်းစိုက်ကြည့်ကာမေးလိုက်၏ "ကျဲကျဲ? မင်းသားကိုးရဲ့ဂုဏ်ပုဒ်ကဘာများလဲ? ဘယ်လိုလုပ်သူများကိုပေါ့ပေါ့တန်တန်ကျဲကျဲလို့ခေါ်တာလဲ?"
ရှောင်ဝမ်ရယ်အပြစ်ကင်းစွာပြောလိုက်၏ "ဒါဆို အစ်ကို့ကိုလည်း ယန်ကောကောလို့ခေါ်လို့မရဘူးလား?"
ယန်တာ့ရန်ကြောင်သွားသည်။ ထို့နောက် အေးတိအေးစက်လေသံဖြင့် ဤသို့ဆိုကာလှည့်ထွက်သွား၏ "ဒါဆိုလည်းနောက်ကျရင် မင်းသားကိုးကျွန်တော်မျိုးကိုအဲ့လိုမခေါ်ပါနဲ့"
YOU ARE READING
Little Nine | ဘာသာပြန် [Completed]
Historical FictionXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...