30.
ရက်အနည်းငယ်ကြာသော် ဧကရာဇ်မှ စစ်မြေပြင်တွင်ငါးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုများစွာရယူနိုင်ခဲ့သောယန်တာ့ရန်အား မြို့တော်အတွင်း ခြောက်သောင်းသောစစ်သည်တော်များအားအုပ်ချုပ်ရမည့် နန်းတွင်းကိုယ်ရံတော်တပ်မှုးရာထူးကို ခန့်အပ်ကြောင်းထုတ်ပြန်ကြေညာခဲ့၏။
ထိုအကြောင်းနှင့်စပ်လျဥ်း၍ နန်းတွင်းတရားရုံးချုပ်မှ ကိုယ်ရံတော်တပ်မှုးသည် အရေးပါအရာရောက်သောရာထူးနေရာဖြစ်ပြီး ယန်တာ့ရန်မှာ ကြီးလေးသောတာဝန်ထမ်းဆောင်နိုင်ရန် ငယ်လွန်းသည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်ခဲ့ကြ၏။
ထိုကောလဟာလများကိုကြားပြီး ရှောင်ဝမ်ရယ်မှာရက်အတန်ကြာ မခံမရပ်ဒေါသထွက်နေလေ၏။ နန်းတော်အတွင်း ကင်းလှည့်နေသောယန်တာ့ရန်နှင့်ဆုံလေရာ အလျင်အမြန်သွားကာနှစ်သိမ့်ပေးလေသည်။
"ယန်ကောကော စိတ်မပူပါနဲ့၊ အစ်ကိုက ငယ်ရွယ်ပြီး၊ အလားအလာကောင်းပြီး၊ လုပ်ရည်ကိုင်ရည်ရှိတဲ့သူပါ။ ဟိုအကျင့်စာရိတ္တပျက်ပြားနေတဲ့လူအိုကြီးတွေထက် ပိုသာပါတယ်။ စစ်သည်ခြောက်သောင်းမပြောနဲ့ ခြောက်သန်းဆိုရင်တောင် အစ်ကို့အတွက်အသေးအဖွဲပါ" ဟုတည်ကြည်စွာပြောလိုက်၏။
ယန်တာ့ရန်မှာ မမျှော်လင့်ပဲအခြေအမြစ်မရှိမြှောက်ပင့်ပြောဆိုခံလိုက်ရသည့်အခါ သဘောတကျဖြစ်ကာ နှုတ်ခမ်းများပင်ကော့တက်သွား၏။
ရှောင်ဝမ်ရယ်လည်း အံ့သြမှင်တက်သွား၏။ မွေးကတည်းမှယခုထိ ယန်တာ့ရန်ပြုံးသည်ကိုမြင်ရသည်မှာ ဆယ်ကြိမ်ပင်မပြည့်။ ယန်တာ့ရန်မှာ နဂိုမူလ အေးစက်စက်နိုင်ကာ ရင်းနီးရန်မလွယ်ကူ။ သို့သော်သူပြုံးလိုက်သည့်အခါ နွေဦးလေပြေလေးတိုက်ခတ်သွားသကဲ့သို့ပင်...။ရှောင်ဝမ်ရယ်နှလုံးသားထဲမှ တိတ်တိတ်ကလေးတွေးလိုက်၏။ အရမ်းချောတာပဲ၊ နမ်းချင်လာပြီ...
31.
အဆုံးမှာတော့ ရှောင်ဝမ်ရယ်တွင် သူခိုးစိတ်ကလေးသာရှိပြီး သတ္တိမရှိ။ ယန်တာ့ရန်ကင်းလှည့်သည်ကိုအဖော်ပြုကာ နန်းတော်တခွင်လမ်းလျှောက်ခဲ့ကြသည်။ အလုပ်ပြီးသည့်အခါ ယန်တာ့ရန် ပြန်တော့မည်ဟုဆိုလိုက်၏။ ရှောင်ဝမ်ရယ်မှာ စိတ်လက်မပါဖြင့် လမ်းမခွဲချင်...
ВЫ ЧИТАЕТЕ
Little Nine | ဘာသာပြန် [Completed]
Исторические романыXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...