48.
အိမ်အပြန်လမ်းတွင် ရှောင်ဝမ်ရယ် ယန်တာ့ရန်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့ပြီး မျက်စိတမှိတ်အတွင်း အိမ်တော်တံခါးဝသို့ရောက်ရှိလာ၏။
.
သူကိုယ်တိုင်ရေးသားထားသော 'ရိဝမ်အိမ်တော်' ဟူသောစာလုံးလေးလုံးကိုမြင်လိုက်သည့်အခါ ရှောင်ဝမ်ရယ် နှလုံးသားအောက်ခြေမှ နှမြောတသဖြစ်သွားတော့သည်။ ယန်တာ့ရန် ဖြတ်လမ်းကများပြန်ခဲ့တာလား? မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန်ပြန်ရောက်ပါ့မလဲ?ယန်တာ့ရန် ရှောင်ဝမ်ရယ်၏ အတွေးများကိုမသိခဲ့။ လက်ကိုလွှတ်ပေးရင်း "နောက်ကျနေပြီ။ အထဲဝင်ပြီး အနားယူတော့"
ရှောင်ဝမ်ရယ်နားမထောင်၊ ယန်တာ့ရန်၏ အင်္ကျီလက်ကိုဆွဲထားကာလွှတ်မပေးခဲ့။ ဒီတစ်ကြိမ်တွင်တော့ ယန်တာ့ရန်ပြန်လှည့်လာ၏။ သူနားလည်သွားကာခေါင်းငုံ့လိုက်ပြီး ရှောင်ဝမ်ရယ့်နှုတ်ခမ်းပေါ် ဖွဖွလေးထိကပ်လိုက်သည်။
ရှောင်ဝမ်ရယ်နှုတ်ခမ်းကိုပြန်ဖိထားလိုက်သည်။ သူရှေ့ဆက်ရန်ဆန္ဒရှိသော်လည်း ရှေ့လျောက်အချိန်တွေအများကြီးရှိသေးသောကြောင့် ယန်တာ့ရန်ကို ပြန်လွှတ်လိုက်သည်။
ယန်တာ့ရန်ပြန်သွားသည့်အခါ ရှောင်ဝမ်ရယ် မိမိနှုတ်ခမ်းကို လက်ချောင်းများဖြင့် ဖွဖွတို့ထိရင်း အသံထွက်ရယ်မောကာ နွေဦးကဲ့သို့ပေါ့ပါးသောခြေလှမ်းများဖြင့် အခန်းထဲသို့အပြေးပြန်လာလိုက်သည်။
သို့သော်လည်း အခန်းထဲခြေတစ်လှမ်းချလိုက်သည့်အခါ မျက်နှာပေါ်မှအပြုံးများ ရုတ်ခြည်းပျောက်ကွယ်သွားတော့၏။
အခန်းအတွင်းစာအုပ်စင်ပေါ် ရှိ လျှို့ဝှက်အကန့်မှာ ပွင့်နေပြီး တော်ဝင်အမိန့်စာမှာမရှိတော့...။
49.
ရှောင်ဝမ်ရယ်၏မျက်နှာမှာ ဖြူရော်သွားကာ တကိုယ်လုံးတုန်ယင်လာသည်။ တံခါးဝမှ အလောတကြီး ပြန်ထွက်သောအခါ ခြေထောက်မှာမခိုင်တော့ပဲ လှေကားထစ်ဖြင့် ခလုတ်တိုက်လဲတော့မတတ်ပင်။
သူအထိတ်ထိတ်အပြာပြာဖြင့်ပုလဲ၏နာမည်ကိုအော်ခေါ်လိုက်သည်။ ပုလဲကြားသောအခါ အပြေးရောက်လာ၏။
VOUS LISEZ
Little Nine | ဘာသာပြန် [Completed]
Fiction HistoriqueXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...