Chapter 5 (U)

9.1K 1.5K 68
                                    

17.

ရှောင်ဝမ်ရယ် အပြစ်ရှိမှုရောစိတ်လှုပ်ရှားမှုပါစုပေါင်းကာအသံတိုးတိုးဖြင့် "ယန်ကော​ကော"

ယန်တာ့ရန် နံဘေးရှိဆူဆူညံညံတစ်သိုက်ကိုဖြတ်ကျော်ရင်းအထဲသို့ဝင်လာကာ ရှောင်ဝမ်ရယ်ကို ဂုတ်မှဆွဲမလိုက်ပြီးတီးတိုးပြောလိုက်၏ "မင်းသားကိုး ဘယ်လိုလုပ်ပြီးဒီလိုနေရာမျိုးကိုလာရတာလဲ?"

ရှောင်ဝမ်ရယ် ညီအကိုချင်းကသစ္စာဖောက်ပြီး မင်းသား၄ထံလက်ညှိုးထိုးကာ "အစ်ကိုတော်ခေါ်လာတာ"

ယန်တာ့ရန် မင်းသား၄အားမျက်လုံးမှေးကာကြည့်လိုက်ပြီး "မင်းသားကိုးက အခုမှ၁၅နှစ်ပဲရှိသေးတယ်"

ထိုအချိန် မင်းသား၄မှာအင်္ကျီဟပြဲဖြင့်ဖိုသီဖပ်သီဖြစ်နေပြီး "အိုက်ယား ဘာတွေစိုးရိမ်နေတာလဲ? ကိုယ်တော်သူ့အရွယ်လောက်ကဆို အဖော်နှစ်ယောက်နဲ့အခန်းထဲတောင်ရောက်နေပြီ"

ယန်တာ့ရန်ဘာမှဆက်မပြောတော့ပဲ ရှောင်ဝမ်ရယ်အားခေါ်လာခဲ့၏။

ရှောင်ဝမ်ရယ် သူ့ခါးကိုင်ကာဆွဲခေါ်လာသည်ကိုငုံ့ကြည့်ရင်း နှလုံးသားထဲအပျော်သေးသေးလေးဖြစ်ထွန်းသွားကာတွေးလိုက်၏။ ဆောင်ကြာမြိုင်သွားတာလူမိလည်း ထင်သလောက်မဆိုးလှ...

မိန်းမပျိုလေးများရယ်မောရင်း လက်ကိုင်ပုဝါများဝေ့ယမ်းကာ ရှောင်ဝမ်ရယ်အားပြောလိုက်၏ "သခင်လေး နောက်လည်းလာခဲ့နော်"

ရှောင်ဝမ်ရယ် ရိုရိုကျိုးကျိုးချစ်စရာကောင်းစွာပြန်ပြောလိုက်၏ "နောက်မှတွေ့မယ် ကျဲကျဲတို့"

ယန်တာ့ရန်ရပ်ကာ မျက်လုံးများကိုကျဥ်းမြောင်းရင်းစိုက်ကြည့်ကာ​မေးလိုက်၏ "ကျဲကျဲ? မင်းသားကိုးရဲ့ဂုဏ်ပုဒ်ကဘာများလဲ? ဘယ်လိုလုပ်သူများကိုပေါ့ပေါ့တန်တန်ကျဲကျဲလို့ခေါ်တာလဲ?"

ရှောင်ဝမ်ရယ်အပြစ်ကင်းစွာပြောလိုက်၏ "ဒါဆို အစ်ကို့ကိုလည်း ယန်ကောကောလို့ခေါ်လို့မရဘူးလား?"

ယန်တာ့ရန်ကြောင်သွားသည်။ ထို့နောက် အေးတိအေးစက်လေသံဖြင့် ဤသို့ဆိုကာလှည့်ထွက်သွား၏ "ဒါဆိုလည်းနောက်ကျရင် မင်းသားကိုးကျွန်တော်မျိုးကိုအဲ့လိုမခေါ်ပါနဲ့"

Little Nine | ဘာသာပြန် [Completed]Onde histórias criam vida. Descubra agora