Chapter 16 (U)

9.5K 1.5K 30
                                    

54.

ယန်တာ့ရန်မျက်လုံးပြန်ဖွင့်လာသည့်အခါ လဝက်ပင်ကြာပြီဖြစ်၏။

ခုတင်ပေါ်တွင်လဲလျောင်းရင်း ရှားပါးအဆင်တန်ဆာများဖြင့် ဆင်ယင်ထားသည့် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။

ခုတင်နံဘေးတွင် စောင့်ကြပ်ကြည့်ရှုနေသော အစေခံမလေးမှာ သူနိုးလာသည်ကိုမြင်သည့်အခါ အပြေးရောက်လာကာ ဆေးတစ်ခွက်တိုက်၏။

ယန်တာ့ရန် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်ကိုသည်းခံရင်း ထကာတစ်ငုံသောက်လိုက်၏။ သူ၏ဒဏ်ရာအခြေအနေ၊ သူမည်မျှကြာအောင် မေ့မြောခဲ့သည်တို့ကို တစ်ခွန်းမှမမေး။ ပထမဆုံးသူ့ပါးစပ်မှထွက်လာသောစကားမှာ "ရိဝမ်ရော ဘယ်လိုနေလဲ?"

"ဒီအစေခံ မသိပါဘူး" အစေခံမလေးမှ တုံးတိဖြေကြားလိုက်သည်။ "ဒါပေမယ့် လူကြီးမင်းဒဏ်ရာရတဲ့ညက  ရိဝမ်ကလူကြီးမင်းကိုသယ်ပြီး နန်းတွင်းဆေးခန်းရောက်အောင် ပို့ပေးခဲ့တယ်လို့ ကျွန်တော်မျိုး ကြားခဲ့ပါတယ်"

-ဒေါက်~

ယန်တာ့ရန်လက်ထဲမှဇွန်းမှာ ပန်းကန်လုံးထဲပြုတ်ကျသွား၏။

ညစာစားပွဲကျင်းပရာနေရာမှ နန်းတွင်းဆေးခန်းအထိ လမ်းလျှောက်လျှင် အနည်းဆုံးအမွှေးတိုင် တစ်တိုင်စာ (နာရီဝက်ခန်) ကြာမြင့်သည်။ ထိုအချိန် အခြေအနေအရပ်ရပ်မှာ ရှုပ်ထွေးပေလိမ့်မည်။ လူအားလုံးမှာ တချို့ကဧကရာဇ်ကို ကာကွယ်ကာ တချို့ကလုပ်ကြံသူကို လိုက်လံဖမ်းဆီးကြလိမ့်မည်။ ထိုသေးငယ်လှသောခန္ဓာကိုယ်လေးဖြင့် သတိမေ့နေသူကို ကျောပေါ်တင်ကာ အချိန်မည်မျှကြာအောင် လမ်းလျှောက်ခဲ့ရမည်နည်း? နှစ်နာရီလောက်ပေလော??

ယန်တာ့ရန် ဆက်မတွေးရဲတော့။ မျက်လုံးများမှိတ်ထားရင်း ရင်ဘတ်ထဲမှ တစ်စစ်စစ်နာကျင်လာ၏။ တခဏချင်းပင် သူ့အားစီးနှောင်ထားသော အဖြူရောင်ပတ်တီးမှ သွေးများစိမ့်ထွက်လာသည်။

55.

ရက်အနည်းငယ်ကြာပြီးနောက် မြို့တော်တွင် ဆီးနှင်းများ နောက်တစ်ကြိမ် ထူထပ်စွာကျဆင်းခဲ့ပြီး ဆောင်းယဥ်စွန်းချိန်ကထက်ပို၍ သိပ်သည်းခဲ့၏။ တမြို့လုံးမှာ အဆုံးမရှိအဖြူဆွတ်ဆွတ်ပင်...

Little Nine | ဘာသာပြန် [Completed]Dove le storie prendono vita. Scoprilo ora