71.
ရှောင်ဝမ်ရယ် ရှင်းရှင်းလင်းလင်းသိလိုက်၏။ ယန်တာ့ရန် အလုံးစုံထုတ်မပြောသော်လည်း သူခန့်မှန်းလို့ရသည်။
သို့ပေမယ့် သူတိတ်ဆိတ်စွာထိုင်နေလိုက်သည်။
သူနှုတ်ဆိတ်သွားသည်ကိုမြင်သည့်အခါ ယန်တာ့ရန် ပို၍ပင်စိတ်ပူသွား၏။
ယန်တာ့ရန်မှာ ယခင်က ရှောင်ဝမ်ရယ်သည် ပင်ကိုယ်ဗီဇအရ ရယ်မောရသည်ကိုနှစ်ခြိုက်ပြီး အပူအပင်မရှိပျော်ပျော်နေတတ်သည်ဟုထင်ခဲ့သည်။ သို့ပေမယ့် သူနောက်ပိုင်းတွင်သိလိုက်ရသည်က ရှောင်ဝမ်ရယ်သည် သူ၏ခံစားချက်များကိုထုတ်မပြပဲ တစ်ဦးတည်း ကြိတ်မှိတ်ခံစားတတ်သူပင်။
စိုးရိမ်ပူပင်သောကများကိုသိမ်းဆည်းထားပြီး ညအိပ်ချိန်ရောက်မှ တိတ်တိတ်ကလေးမျက်ရည်ကျတတ်သူဖြစ်သည်။
ယန်တာ့ရန် ရင်ထဲလေးလံသွားကာ အနှီမင်းသားငယ်လေးကို ထွေးပွေ့ပေးချင်သော်လည်း ရှောင်ဝမ်ရယ်မှာ ငုံ့ကာအမာရွတ်ကို သေသေချာချာထိကြည့်နေ၏။
"နာသေးလား?" ရှောင်ဝမ်ရယ်မေးလိုက်သည်။
"မနာတော့ပါဘူး။ ခရီးပန်းပြီး အနားမယူလိုက်လို့ ဖျားသွားတာပါ။ အခုတော့အဆင်ပြေသွားပါပြီ"
ရှောင်ဝမ်ရယ်ခေါင်းငြိမ့်လိုက်ကာ တိတ်ဆိတ်စွာ အနာပေါ်ဖွဖွနှိပ်ပေးရင်း ခဏကြာပြီးနောက် တိုးညင်းစွာမေးလိုက်သည် "မနေ့က စာထဲမှာရေးထားတာ စိတ်ရင်းနဲ့လား?"
"ဟုတ်ပါတယ်" ယန်တာ့ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
ရှောင်ဝမ်ရယ် ရှက်သွေးဖြာသွား၏။ သူခပ်မတ်မတ်ထိုင်ကာ စကားလမ်းလွှဲလိုက်သည် "မနက်ဖြန် နှစ်သစ်ကူးညဆိုတော့ ဒီမင်းသားက မောင်မင်းကို ဖက်ထုပ်စားဖို့ အိမ်တော်ကိုလာခွင့်ပြုမယ်"
"ဟုတ်ပါပြီ"
ရှောင်ဝမ်ရယ် တည်တည်တန့်တန့်မျက်နှာထားဖြင့်ထပ်မံပြောလိုက်၏ "ဒီမင်းသားမှာ တခြားဘာ အဓိပ္ပါယ်မှမပါပါဘူး။ ဆောင်းယဥ်စွန်းချိန်တုန်းက ဖက်ထုပ်ခေါ်ကျွေးခဲ့လို့ ယဥ်ကျေးမှုတစ်ရပ်အနေနဲ့ ပြန်ဖိတ်တာပါ"
CZYTASZ
Little Nine | ဘာသာပြန် [Completed]
HistoryczneXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...