37.
ရက်အနည်းငယ်ကြာသောအခါ နန်းတော်ထဲတွင် မိဖုရားမှ သမီးတော်လေးအား ချောချောမွေ့မွေ့ ဖွားမြင်ခဲ့သည်။ လက်ရှိမင်းဆက်၏ ပထမဆုံးသော မင်းသမီးလေးပင်...
ရှောင်ဝမ်ရယ်မှာ ထိုအကြောင်းကြားသည့်အခါ ကလေးအားချီရန်မစောင့်နိုင်တော့။ ထိုနေရာရောက်သည့်အခါ ဧကရာဇ်ရော ယန်တာ့ရန်ပါရှိနေပြီး ကလေးငယ်အားပွေ့ချီရန်အလှည့်ရောက်မည်ကို သုံးယောက်သားတန်းစီကာ စောင့်ဆိုင်းလိုက်ကြသည်။
ရှောင်ဝမ်ရယ်တခါမျှကလေးမချီဖူးပေ။ သူ၏ကိုင်တွယ်ပုံမှာ ကိုးရိုးကားရားဖြစ်နေပြီး မင်းသမီးလေးမှာ သူ့လက်ထဲတွင် ခြေကန်ရင်း အော်ဟစ်ငိုယိုတော့သည်။ ရှောင်ဝမ်ရယ်ဆွံအသွားကာ တုန်တုန်ယင်ယင်ဖြင့် ယန်တာ့ရန်ထံ လွှဲပေးလိုက်သည်။
ယန်တာ့ရန်လက်အတွင်းရောက်သည်နှင့် ကလေးငယ်မှာ အငိုတိတ်သွားပြီး ယန်တာ့ရန်ကိုပင် တခစ်ခစ်ရယ်ပြနေ၏။
ရှောင်ဝမ်ရယ် ဆန်းကျယ်လှသည်ဟုတွေးလိုက်၏။ နေ့အချိန်တွင် ဓား၊လှံ၊လက်နက်မျိုးစုံကိုင်ဆောင်ကာ အေးစက်သည့်ယန်တာ့ရန်မှာ ကလေးချီ ရာတွင်ကျွမ်းကျင်နေသည်ကိုပင်။
ဧကရာဇ်ပြုံးကာပြောလိုက်သည် "အဲ့ဒါ မင်းငယ်ငယ်က ယန်တာ့ရန်ပဲ ချီခဲ့ရတာကြောင့်လေ"
ထိုအကြောင်းကြားလိုက်ရသည်နှင့် ရှောင်ဝမ်ရယ်မှာ မျက်နှာရဲတက်သွားပြီး ယန်တာ့ရန်မှာလည်း သဘာဝမကျချောင်းဟန့်လိုက်၏။
38.
မင်းသမီးလေးမွေးဖွားပြီး လဝက်မပြည့်ခင်မှာပင် ဧကရာဇ်မှရုတ်တရက် အမတ်ချုပ်၏သမီးအား တော်ဝင်ကိုယ်လုပ်တော်ရာထူးအပ်နှင်းကြောင်းကြေငြာလိုက်သည်။
ယန်တာ့ရန် ထိုအကြောင်းကြားလိုက်သည့်အခါ သတိလက်လွှတ် ခါးတွင်ချိတ်ထားသော ကျောက်စိမ်းတံဆိပ်ပြားထံ လက်ရောက်သွား၏။ သို့သော်လည်း ထိလိုက်သည့်အချိန်တွင် ကျောက်စိမ်းပြားမှာ မူလတစ်ခုမဟုတ်တော့မှန်း သတိရသွားသည်။
BẠN ĐANG ĐỌC
Little Nine | ဘာသာပြန် [Completed]
Tiểu thuyết Lịch sửXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...